Dr. Lawyer ဒရာမာဇာတ်လမ်းတွဲတွင် ၀ါရင့်သရုပ်ဆောင် So Ji Sub အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်မည်

Dr. Lawyer ဒရာမာဇာတ်လမ်းတွဲတွင် ၀ါရင့်သရုပ်ဆောင် So Ji Sub အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်မည်
Published 6 July 2021

မြန်မာပရိသတ်များအကြား ဘတ်ချောအွန်းဟု အသိများသည့် တောင်ကိုရီးယားဝါရင့်သရုပ်ဆောင် So Ji Sub သည် Dr. Lawyer အမည်ရှိ ဒရာမာဇာတ်လမ်းတွဲသစ်တွင် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသတင်းမီဒီယာများက ဇူလိုင် ၅ ရက်တွင် အတည်ပြုခဲ့သည်။

ထိုဇာတ်လမ်းတွဲသည် လေးနှစ်အတွင်း မင်းသား So Ji Sub ပထမဆုံးအကြိမ်ရိုက်ကူးမည့် ဇာတ်လမ်းတွဲလည်းဖြစ်သည်။

Dr. Lawyer ဇာတ်လမ်းတွဲသည် စိတ်ခွန်အားဖြစ်စေသော၊ ဇာတ်ကောင်များ၏ ခံစားချက်များကို ဖော်ကျူးထားသည့် ဒရာမာ ဇာတ်လမ်းတွဲဖြစ်ပြီး လုပ်ဇာတ်ခင်းထားသည့် ခွဲစိတ်မှုတစ်ခုကြောင့် အရာအားလုံးကို ဆုံးရှုံးခဲ့ပြီးနောက် ကျွမ်းကျင်သည့် ခွဲစိတ်ဆရာဝန်အဖြစ်မှ ဆေးပညာပိုင်းဆိုင်ရာ မသမာမှုများကို ဖော်ထုတ်သော ရှေ့နေတစ်ဦးနှင့် ခွဲစိတ်မှုတစ်ခုအတွင်း ချစ်ရသည့် မိသားစုဝင်ကို ဆုံးရှုံးခဲ့ရသော ဆေးပညာမှုခင်းဌာနမှ အစိုးရရှေ့နေတစ်ဦးတို့၏ အကြောင်းကို ရိုက်ကူးတင်ထားခြင်းဖြစ်သည်။

လူတစ်ဦး၊ တစ်ယောက်၏ အသက်နှင့် ခန္ဓာအရေးပါမှုသည် ၎င်းတို့၏ချမ်းသာကြွယ်ဝမှုနှင့် သြဇာကြီးမှုတို့အပေါ် မူတည်၍ အခြေအနေကွဲပြားနိုင်သည်ဟု ယုံကြည်နေသူများအား ရှေ့နေနှစ်ဦး မည်သို့ အပြစ်ပေးကြမည်ကို Dr. Lawyer ဇာတ်လမ်းတွဲတွင် စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမည် ဖြစ်သည်။

So Ji Sub သည် ထိုဇာတ်လမ်းတွဲ၌ အထွေထွေခွဲစိတ်ကုနှင့် ရင်ပိုင်းခွဲစိတ်ကုတွင် ကျွမ်းကျင်သည့် ဆရာဝန်တစ်ဦးဖြစ်ခဲ့ဖူးသူ ဆေးပညာပိုင်းဆိုင်ရာ မသမာမှုများကို ဖော်ထုတ်သည့် ရှေ့နေ Dr. Lawyer ဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

Dr. Lawyer ဇာတ်လမ်းတွဲတွင် အပိုင်း (၁၆) ပိုင်း ပါဝင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း MBC ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

Most Read

Most Recent