ဘောလိဝုဒ်စူပါစတားမင်းသား အာမေးခန်းက သူ၏ဇနီးနှင့် ကွာရှင်းပြတ်စဲပြီးကြောင်း ကြေညာ

ဘောလိဝုဒ်စူပါစတားမင်းသား အာမေးခန်းက သူ၏ဇနီးနှင့် ကွာရှင်းပြတ်စဲပြီးကြောင်း ကြေညာ
Photo:AFP
Photo:AFP
Published 5 July 2021
Ref: AFP

ဘောလိဝုဒ်စူပါစတားမင်းသား အာမေးခန်းက သူ၏ဇနီး ရုပ်ရှင်ဒါရိုက်တာ ကီရန်ရာအိုနှင့် ၁၅ နှစ်တာ အိမ်ထောင်ရေးကို ကွာရှင်းပြတ်စဲပြီကြောင်း ဇူလိုင် ၃ ရက်တွင် ကြေညာခဲ့သည်။

၎င်းတို့သည် ကွာရှင်းပြတ်စဲပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ သားဖြစ်သူကို အတူတကွ စောင့်ရှောက်ပျိုးထောင်သွားမည် ဖြစ်ကြောင်းနှင့် ရုပ်ရှင်ကားများလည်း အတူတကွ ရိုက်ကူးသွားမည် ဖြစ်ကြောင်း အိန္ဒိယ ရုပ်ရှင်လောက၏ A-List စတား စုံတွဲက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ခန်းနှင့် ရာအိုတို့သည် ၂၀၀၁ ခုနှစ်က ရုပ်ရှင်ကားတစ်ကား ရိုက်ကူးစဉ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားတွင် ရာအိုက လက်ထောက်ဒါရိုက်တာအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလတွင် လက်ထပ်ခဲ့ကြသည်။

နပန်းသတ်ပွဲအကြောင်း ရုပ်ရှင်ဖြစ်သည့် Dangal ကြောင့် တရုတ်နိုင်ငံ၌ပင် ထိပ်တန်း အိန္ဒိယမင်းသားအဖြစ် ကျော်ကြားလာခဲ့သည့် အသက် ၅၆ နှစ်ရှိပြီဖြစ်သော ခန်းသည် ၂၀၀၂ ခုနှစ်တွင်လည်း ရုပ်ရှင်မင်းသမီး ရီနာဒက်တာနှင့် ကွာရှင်းခဲ့သည်။

Most Read

Most Recent