JTBC မှထုတ်လွှင့်မည့် ဒရာမာဇာတ်ကားသစ်တွင် Song Joong Ki၊ Shin Hyun Been တို့နှင့်အတူ အဆိုတော် Tiffany တွဲဖက်သရုပ်ဆောင်နိုင်ဖွယ်ရှိ

JTBC မှထုတ်လွှင့်မည့် ဒရာမာဇာတ်ကားသစ်တွင် Song Joong Ki၊ Shin Hyun Been တို့နှင့်အတူ အဆိုတော် Tiffany တွဲဖက်သရုပ်ဆောင်နိုင်ဖွယ်ရှိ
Published 1 July 2021

တောင်ကိုရီးယားရုပ်သံလိုင်း JTBC မှ ထုတ်လွှင့်မည့် ဒရာမာဇာတ်လမ်းတွဲတွင် Girls’ Generation အဖွဲ့ဝင် Tiffany သည် နာမည်ကြီးသရုပ်ဆောင်မင်းသား Song Joong Ki၊ မင်းသမီး Shin Hyun Been တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်နိုင် ဖွယ်ရှိကြောင်း SPOTV News သတင်းဌာနက ဇွန် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

JTBC မှ ထုတ်လွှင့်မည့် Chaebol Family’s Youngest Son ဇာတ်လမ်းတွဲတွင် Tiffany ပါဝင်နိုင်ဖွယ်ကြောင်း SPOTV News က ထုတ်ပြန်ခဲ့ပြီးနောက် JTBC မှ သတင်းရင်းမြစ်တစ်ဦးက ယင်းဇာတ်လမ်းတွဲ၏ ဇာတ်ကောင်နေရာ တစ်နေရာတွင် ပါဝင်သရုပ်ဆောင်ရန် Tiffany အား ကမ်းလှမ်းထားကြောင်း၊ သို့သော် Tiffany ဘက်မှ အတည်မပြုသေးကြောင်း ပြောကြားခဲ့သည်။

နာမည်ကျော် လူကြိုက်များခဲ့သော Chaebol Family’s Youngest Son အမည်ရှိ ဝက်ဘ်ကာတွန်းဇာတ်ကြောင်းကို အခြေခံရိုက်ကူးမည်ဖြစ်သော ထိုဇာတ်လမ်းတွဲသည် ကြေးရတတ်မိသားစုတစ်စုအတွက် ၁၀ နှစ်ကျော်ကြာ သစ္စာရှိရှိ အလုပ်လုပ်ပေးခဲ့သူတစ်ဦး ငွေကြေးအလွဲသုံးမှုဖြင့် အကွက်ဆင်ခံခဲ့ရပြီး သတ်ဖြတ်ခံရပြီးနောက် ထိုသူသည် ကြေးရတတ်မိသားစု၏ အငယ်ဆုံးသားအဖြစ် ပြန်လည်ရှင်သန်လာခဲ့ကာ ၎င်းအားအကောက်ကြံခဲ့သူများအား လက်စားချေရန် ပြင်ဆင်သည့်အကြောင်းကို ရိုက်ကူးတင် ဆက်သွားမည်ဖြစ်သည်။

အဆိုတော် Tiffany သည် ၂၀၀၇ ခု နှစ်တွင် Girls’ Generation အဖွဲ့ဝင်အဖြစ် ဂီတလောကအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး SM အင်တာတိန့်မင့်နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အမေရိကန်အနုပညာအေဂျင်စီ Paradigm Talent Agency နှင့် စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်း၏တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုများကို စတင်ခဲ့သည်။

Most Read

Most Recent