အောက်ခြေအဆင့် ကလပ်အသင်းများအတွက် ပရီးမီးယားလိဂ်က နှလုံးခုန်မှန်အောင်ပြုလုပ်ပေးသည့်စက် ၂၀၀၀ လှူဒါန်းမည်

အောက်ခြေအဆင့် ကလပ်အသင်းများအတွက် ပရီးမီးယားလိဂ်က နှလုံးခုန်မှန်အောင်ပြုလုပ်ပေးသည့်စက် ၂၀၀၀ လှူဒါန်းမည်
Photo: AFP
Photo: AFP
Published 27 June 2021

 

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ၂၀၂၁-၂၀၂၂ ရာသီသစ်ကာလတွင်  အောက်ခြေအဆင့် ကလပ်အသင်းများအတွက် နှလုံးခုန်မှန်အောင် ပြုလုပ်ပေးသည့် AED စက် ၂၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက် ယူရို- ၂၀၂၀ ပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ဒိန်းမတ်နှင့် ဖင်လန်အသင်းတို့ ယှဉ် ပြိုင်ကစားသည့်ပွဲတွင် ဒိန်းမတ် အသင်း ကွင်းလယ်လူ အဲရစ်ဆင် နှလုံးရပ်ပြီး လဲကျသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပရီးမီးယားလိဂ်က အောက်ခြေအဆင့်ကလပ် အသင်းများအတွက် AED စက် လှူဒါန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ AED စက်မှာ နှလုံးခုန်မမှန်သည်ကို မှန်အောင်ပြုလုပ်ရာတွင် လူနာ၏ နှလုံးအား လျှပ်စီးဓာတ်ပေး၍ တိုင်း တာသည့်စက်ဖြစ်ပြီး အလွယ်တကူ သယ်ယူသွားနိုင်ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်၏ ထုတ်ပြန်မှုအရ ၂၀၂၁-၂၀၂၂ ရာသီ စတင်ချိန်တွင် AED စက် ၁၀၀၀ စတင်လှူဒါန်းမည် ဖြစ်ပြီး ကျန်ရှိသည့် ၁၀၀၀ ကို စက် တင်ဘာတွင် ထပ်မံလှူဒါန်းမည် ဖြစ်သည်။ ယင်းလှူဒါန်းမှုကို ပရီးမီး ယားလိဂ်၊ အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ် (FA) နှင့် ဗြိတိန်အစိုးရတို့ ပူး ပေါင်းတည်ထောင်ထားသည့် ဘော လုံးဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

"ပါဝင်ယှဉ်ပြိုင်သူတွေ၊ ဘောလုံးလောကနဲ့ ဆက်နွှယ်သူတွေအားလုံးရဲ့ လူမှုဘဝဖူလုံရေးကို စောင့် ရှောက်ရေးက ဦးစားပေးကိစ္စပါ။ ဒီ ရန်ပုံငွေက ဘောလုံးအသုံးအဆောင် ပစ္စည်းတွေ အသုံးပြုနေကြတဲ့ လူ များစွာကို အထောက်အကူပေးနိုင် တဲ့အပြင် ဒီပစ္စည်းတွေကို အသုံးပြု ဖို့ လိုအပ်တဲ့ လေ့ကျင့်မှုလည်းပြုလုပ် ပြီးသား ဖြစ်စေမှာပါ။ ရုတ်တရက် နှလုံးရောဂါ ခံစားရတယ်ဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်ပါတယ်။ ဒီစက်ကိရိယာတွေ ပိုပြီးတပ်ဆင်ပေးနိုင်ဖို့ ကျွန်တော်တို့မျှော်လင့် ပါတယ်။ ဒီစက်တွေက တစ်စုံတစ်ယောက်ရဲ့အသက်ကို ကယ်တင်ရာမှာ ပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်" ဟု ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက ပြောကြားခဲ့သည်။

ဘော်လ်တန်အသင်း၌ကစား စဉ် နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျခဲ့ဖူးသည့် အင်္ဂလန်လူငယ် လက်ရွေးစင် ကွင်းလယ်လူဟောင်း မူအမ်ဘာကလည်း "ကျွန်တော် ကိုယ်တိုင်တွေ့ကြုံဖူးတဲ့ အတွေ့အကြုံအရ ဒီလိုဆေးဘက်ဆိုင်ရာ ပစ္စည်းတွေရှိခြင်းက ဘယ်လောက် အရေးကြီးလဲဆိုတာ သိပါတယ်။ ရုတ်တရက် နှလုံးရပ်သွားတဲ့သူတစ်ယောက်အတွက် အသက်ရှင်သန် ရေးက အရမ်းအရေးကြီးပါတယ်။ နှလုံးခုန်စက် ဘယ်လိုအသုံးပြုရမလဲဆိုတာကို အသိပညာပေးခြင်း က တကယ်အရေးကြီးပါတယ်။ ဒီ သင်တန်းကို တက်ရောက်တာဟာ ကျွန်တော်တို့အားလုံးချစ်ရတဲ့ ကစားပွဲတွေကို လုံခြုံတဲ့နေရာတွေအဖြစ် ဖန်တီးဖို့ ကူညီရာရောက်တယ်ဆိုတာ နည်းပြတွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေ နားလည်ကြလိမ့်မယ် လို့ ကျွန်တော်တကယ်မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတစ်ဝန်း အဖြေရှာမရသည့် နှလုံးရောဂါအခြေအနေကြောင့် အသက် ၁၂ နှစ်မှ ၃၅ နှစ် အတွင်း လူငယ်များ အပတ်စဉ်သေဆုံးရမှုမှာ အနည်းဆုံး ၁၂ ဦးအထိ ရှိကြောင်း ပရီးမီးယားလိဂ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပရီးမီးယားလိဂ်၏ လှူဒါန်းမှုကြောင့် အောက်ခြေအဆင့် ဘောလုံးလောကတွင် AED စက် အသုံးပြုနိုင်သူအရေအတွက်မှာ ၁ ဒသမ ၅ သန်းအထက် ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

 

Most Read

Most Recent