ယူရို-၂၀၂၀ ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 26 June 2021

ဝေးလ်စ် - ဒိန်းမတ် (မြန်မာစံတော်ချိန် ဇွန်လ ၂၆ ရက် ည ၁၁:၃၀ နာရီ)

ဝေးလ်စ်အတွက် ကွာတားဖိုင်နယ်အဆင့်ကို မျှော်လင့်ချင်စရာကောင်းတဲ့ပွဲပါ။ ဒိန်းမတ်က ဘယ်လ်ဂျီယံ၊ ရုရှားတို့နဲ့ပွဲတွေမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပေမဲ့ ဝေးလ်စ်ကလည်း ဂါရတ်ဘေးလ်၊ ရမ်ဆေးတို့ဦးဆောင်မှုနဲ့ ပုံစံကောင်းပြနေတဲ့အသင်း ဖြစ်တယ်။ ခြေသိပ်မကွာပေမဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းမှာတော့ ဝေးလ်စ်ကိုတောင် ပိုကြိုက်ပါတယ်။ ဒီပွဲကို နယ်သာလန် မြေမှာ ကစားရမှာဖြစ်ပြီး ဝေးလ်စ်ကို ပိုကြိုက်တယ်။ 

 

အီတလီ - သြစတြီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၇ ရက် နံနက် ၁:၃၀ နာရီ)

အီတလီက အုပ်စုုပွဲစဉ်တွေအပြီးမှာ အကောင်းဆုံးပုံစံပြခဲ့တဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး၊ သြစတြီးယားကတော့ ပွဲစဉ် (၃)ပွဲမှာ (၂)ပွဲအနိုင်ရခဲ့ပါတယ်။ ယူကရိန်းနဲ့ပွဲမှာ မဆိုးဘူးလို့ ပြောလို့ရပြီး၊ မြောက်မက်ဆီဒိုးနီးယား၊ နယ်သာလန်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာတော့ ပုံစံကောင်းမပြနိုင်ခဲ့ဘူး။ အီတလီကတော့ တစ်ဦးချင်းထက်အသင်းလိုက် အရမ်းအားကောင်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိုက်စစ်ပိုင်းကလည်း အုပ်စုဖွဲ့ကစားပုံ ကောင်းမွန်နေတယ်။ အီတလီပဲ ကွာတားဖိုင်နယ် တက်လိမ့်မယ်။ 

Most Read

Most Recent