မိမိ၏ အကောင်းဆုံးပုံစံအား ဘယ်တော့မှ ပြန်မရတော့မည်ကို စိုးရိမ်ခဲ့ဟု ဟာဇက်ပြောကြား

မိမိ၏ အကောင်းဆုံးပုံစံအား ဘယ်တော့မှ ပြန်မရတော့မည်ကို စိုးရိမ်ခဲ့ဟု ဟာဇက်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 June 2021

ဘယ်လ်ဂျီယံအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ အေဒင်ဟာဇက်က သူ၏ အကောင်းဆုံးပုံစံအား ဘယ်တော့မှ ပြန်မရတော့မည်ကို စိုးရိမ်ခဲ့သည်ဟုပြောကြား ခဲ့သည်။

    

ဟာဇက်သည် ဘယ်လ်ဂျီယံ အသင်း၏ ယူရိုအဖွင့်ပွဲစဉ်တွင် လူစား ဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရ သလို၊ ဒိန်းမတ်အသင်းနှင့် ပွဲတွင် လည်း ဒီဘရိုင်းနားနှင့်အတူ အရန်ခုံ မှ တစ်ဆင့် ဝင်ကစားခဲ့ရသူဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းသည် ဒဏ်ရာ ပြဿနာများကြောင့် ဟာဇက်နှင့် ဒီ ဘရိုင်းနားတို့ကို အပြည့်အဝသုံးစွဲခွင့် မရသေးသည့်တိုင် နိုင်ပွဲဆက်ခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပြီး လည်းဖြစ်သည်။ ဒိန်းမတ်အသင်းကို အနိုင်ရခဲ့ရာတွင် (၁)ဂိုးရှုံးအနေအ ထား၌ ဟာဇက်နှင့် ဒီဘရိုင်းနားတို့ ဝင်လာခဲ့ပြီးနောက် ဒီဘရိုင်းနားက ဖန်တီးမှုတစ်ကြိမ်နှင့် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီဘရိုင်းနား၏ သွင်း ဂိုးကို ဟာဇက်က ဖန်တီးပေးခဲ့ခြင်း လည်းဖြစ်သည်။

    

ဟာဇက်က ''ကျွန်တော့်ရဲ့အ ရည်အသွေးကို ဘယ်တုန်းကမှ သံသ ယမဖြစ်ပါဘူး။ သံသယဖြစ်တာက ကျွန်တော့်ရဲ့ဒဏ်ရာပြဿနာတွေကို ပါ။ ခြေချင်းဝတ်အရိုး (၃)ခါကျိုးပြီးတဲ့ နောက် ကျွန်တော့်ရဲ့အကောင်းဆုံး ပုံစံကိုဘယ်တော့မှ ပြန်မရနိုင်တော့ ဘူးလားလို့ စိုးရိမ်ခဲ့ပါတယ်။ အခု လည်း ဒဏ်ရာတွေကို မေ့ထားပြီး ကျွန်တော် အစွမ်းကုန်ကြိုးစားနေပါ တယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent