ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် (၂၃)

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် (၂၃)
Photos: AFP.Team Twitter
Photos: AFP.Team Twitter
Published 14 June 2021

ဂျာမနီအသင်းသည် ယူရိုပြိုင်ပွဲတွင် သမိုင်းအစဉ်အလာအကြီးမားဆုံးအသင်းဖြစ်ပြီး အအောင်မြင်ဆုံးအသင်းဟုလည်း ဆိုရမည်ဖြစ်သည်။ ယူရို-၇၂ ပြိုင်ပွဲမှစ၍ ပြိုင်ပွဲတိုင်း မပျက်မကွက်ပါဝင်နိုင်ခဲ့သော ဂျာမနီအသင်းမှာ ချန်ပီယံ(၃)ကြိမ်၊ ဒုတိယ(၃)ကြိမ် ရယူထားသည်။ ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သည့် ယူရို-၇၂ ပြိုင်ပွဲကပင် ချန်ပီယံဆုကို စတင်ဆွတ်ခူးခဲ့ပြီး ယင်းနောက် ဆက်တိုက်ယှဉ်ပြိုင်ခဲ့သည့် ယူရို-၇၆ တွင် ဒုတိယ၊ ယူရို-၈၀ တွင် ချန်ပီယံဆုများ သိမ်းပိုက်ခဲ့သည်။ ယူရို-၈၈ တွင် ဆီမီးဖိုင်နယ်၊ ယူရို-၉၂ တွင် ဒုတိယ၊ ယူရို-၉၆ တွင် ချန်ပီယံဆုများ သိမ်းပိုက်ခဲ့သည်။ ယင်းနောက်တွင် ကျင်းပသည့် ပြိုင်ပွဲ(၂)ကြိမ်တွင်မူ ဂျာမနီအသင်း အုပ်စုကို မကျော် ခဲ့ပေ။ ယူရို-၂၀၀၈ တွင် ဒုတိယရရှိခြင်းမှ စတင်၍ ဂျာမနီအသင်း ပြန်လည်အားကောင်းလာခဲ့ပြီး နောက်ဆုံး(၂)ကြိမ်ဆက် ဆီမီးဖိုင်နယ်၌ ရပ်တန့်ခဲ့ရခြင်းကို ယခုအကြိမ်တွင် ကျော်လွှားနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

 

Most Read

Most Recent