မော်လမြိုင်တက္ကသိုလ်မှ စာရေးဝန်ထမ်း အမျိုးသမီးသုံးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

မော်လမြိုင်တက္ကသိုလ်မှ စာရေးဝန်ထမ်း အမျိုးသမီးသုံးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ
Published 13 June 2021
ဘိုဘိုမြင့်

ဇွန် ၁၃ ရက် နံနက်ပိုင်းက TCR ဖြင့် စစ်ဆေးရာ၌ မော်လမြိုင်တက္ကသိုလ်မှ စာရေး ဝန်ထမ်း အမျိုးသမီးသုံးဦးတွင် COVID-19 ကူးစက်ကပ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်ဆောင် CBFQ မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိ ရသည်။

“မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ် ဆောင်မှာ ဒီနေ့မနက်ပိုင်း TCR နဲ့ စစ်ဆေး တဲ့အခါမှာ မော်လမြိုင်တက္ကသိုလ်က စာရေး ဝန်ထမ်းအမျိုးသမီးသုံးဦးမှာ Positive ထပ် ထွက်တယ်။ သူတို့က အပြောင်းအရွှေ့အတွက် လားတော့မသိဘူး။ ဆေးလာစစ်ကြရင်းနဲ့အဲ ဒီလို တွေ့ရတာပါ။ သူတို့ရဲ့ Contact တွေကို လည်း ထပ်စစ်သွားဖို့ လုပ်ဆောင်နေပါတယ်” ဟု မော်လမြိုင်တက္ကသိုလ် တက္ကသိုလ် ဆယ် မြို့နယ်ဆောင် CBFQ မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ထို့ပြင် ဇွန် ၁၂ ရက်ကလည်း ဘီးလင်းမြို့ နယ် တောင်စွန်းကျေးရွာမှ Positive လူနာ တစ်ဦး စစ်ဆေးတွေ့ရှိရကြောင်းနှင့် လက်ရှိ မော်လမြိုင်တက္ကသိုလ် တက္ကသိုလ် ဆယ်မြို့ နယ်ဆောင် CBFQ တွင် Positive လူနာ ခုနစ်ဦးရှိနေကြောင်း၊ အမှတ် (၅) စစ်မြေပြင် ဆေးတပ်ရင်းတွင်လည်း Positive လူနာငါး ဦးခန့် ကျန်ရှိနေသေးကြောင်းနှင့် ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ သူများလည်းရှိကြောင်း အဆိုပါ မော်လမြိုင် တက္ကသိုလ် တက္ကသိုလ် ဆယ်မြို့နယ်ဆောင် CBFQ မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ မော်လမြိုင်တက္ကသိုလ် တက္ကသိုလ် ဆယ်မြို့နယ်ဆောင် CBFQ  တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရှစ်ဦးနှင့် ပြည် တွင်းကူးစက်သူများ၏ Contact ခုနစ်ဦးလည်း Quarantine ဝင်နေကြကြောင်းလည်း သိရ သည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှ အသက် ၆၉ နှစ်အရွယ် ဓာတ်ခွဲအတည်ပြု လူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော် ၀ါရီ ၅ ရက်အထိ  ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၃၆၇၉ ဦးရှိခဲ့ကြောင်းနှင့် အတည်ပြုလူ နာ ၄၆ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

 

Most Read

Most Recent