ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် - (၁၆)

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် - (၁၆)
Photos: Getty Images, UEFA
Photos: Getty Images, UEFA
Published 10 June 2021

■ Group - D (Scotland)

■ GROUP MATCHES

14 June 2021    19:30    Glasgow         Scotland    -    Czech

19 June 2021    01:30    London        England    -    Scotland

23 June 2021    01:30    Glasgow        Croatia    -    Scotland

■ သမိုင်းကြောင်း

    စကော့တလန်အသင်း၏ သမိုင်းအစဉ်အလာက ပြောစရာများများစားစားမရှိ။ နှစ်ပေါင်း(၁၄၈)သက်တမ်းရှိပြီဖြစ်သည့့် ဘောလုံးအဖွဲ့ချုပ်သမိုင်းတွင် ယူရိုပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်မှုက (၂)ကြိမ်သာရှိခဲ့ပြီး ယူရို-၉၂ နှင့် ၉၆ နှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ယူရိုပြိုင်ပွဲနှင့်ယှဉ်လျှင် စကော့တလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပိုအောင်မြင်သည်ဟု ဆိုရမည်ဖြစ်ပြီး ၁၉၅၀ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ပြီးမှ နုတ်ထွက်မှုအပါအဝင် (၉)ကြိမ်အထိ ယှဉ်ပြိုင်ခွင့်ရှိခဲ့သည်။ သို့ သော် စကော့တလန်အတွက် အဓိကပြိုင်ပွဲကြီးနှစ်ရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အကြိမ်တိုင်း အုပ်စုအဆင့်ပင် ကျော်လွန်နိုင်ခြင်းမရှိဘဲ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။ စကော့တလန်အနေဖြင့် ပြိုင်ပွဲကြီးများတွင် အစဉ်အလာမကောင်းသော်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်မှုမျိုး မရှိခဲ့ဘဲ ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှအပ ကျန်ပြိုင်ပွဲများတွင် အမှတ်တော့ယူနိုင်ခဲ့သည်။

■ EURO HISTORY

ယှဉ်ပြိုင်ခဲ့သည့်အကြိမ်    -    (၂) ကြိမ်

ပြီးခဲ့သည့် ယူရို- ၂၀၁၆ ရပ်တည်မှု    -    ခြေစစ်ပွဲမအောင်

ယူရိုပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု    -    အုပ်စုအဆင့်(၁၉၉၂၊ ၁၉၉၆)

ယူရိုပြိုင်ပွဲမှတ်တမ်း    -    (၆)ပွဲကစား၊ (၂)ပွဲနိုင်၊  (၁)ပွဲသရေ၊ (၃)ပွဲရှုံး

■ လက်ရှိအခြေအနေ

       ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ပြီးနောက် စကော့တလန်အသင်းအနေဖြင့် ပြိုင်ပွဲကြီးများနှင့် ကင်းကွာခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုကျော် ရှိခဲ့ပြီဖြစ်သည်။ ယူရို-၂၀၂၀ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ကိုလည်း စကော့တလန်က Nations League လမ်းကြောင်းမှတစ်ဆင့် Play-off ကစားပြီးမှသာ ရယူနိုင်ခဲ့သည်။ သို့သော် လက်ရှိအသင်းကို စကော့တလန်ပရိသတ်များက မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိနေကြသည်။ ပရိသတ်များ မျှော်လင့်ထားသလိုပင် လက်ရှိကစားသမားစုဖွဲ့မှုက ကလပ်အသင်းသမိုင်းတစ်လျှောက် အင်အားအတောင့်တင်းဆုံးဟုပင် ပြောရမည့်အနေအထားဖြစ်သည်။ အပြီးသတ်လူစာရင်းတွင် ပရီးမီးယားလိဂ်ကစားနေသူ (၁၀) ဦးအထိ ပါဝင်ခဲ့သည်။ ယင်းကစားသမားများထဲမှ အများစုမှာ ပရီးမီးယားလိဂ်တွင် အတိုင်းအတာတစ်ခုအထိ မှတ်ကျောက်တင်ထားပြီးဖြစ်သည်။ စကော့တလန်အသင်း တွင် ဂိုးသမားနေရာမှအပ နေရာအလိုက်တန်းဝင်သည့် ကစားသမားများ ရှိနေပြီး အစဉ်အဆက်အားနည်းခဲ့သည့် No.9 Role နေရာအတွက်ပင် ဆောက်သမ်တန်တိုက်စစ်မှူး ချယ်အဒမ်စ်က ကောင်းကောင်းအသုံးပြုလို့ရနေသည်။ စကော့တလန်အသင်းကို လက်ရှိနည်းပြနေသည်က ပရီးမီးယားလိဂ်တွင် အောက်သက်ကျေခဲ့သည့် လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် ဝက်စ်ဟမ်းနည်းပြဟောင်း စတိဗ်ကလက်ခ်ဖြစ်ပြီး သူ၏လက်ထက်တွင် ၅-၃-၂၊ ၃-၅-၂၊ ၃-၄-၁-၂၊ ၃-၄-၂-၁ စသည့် ကစားကွက်အမျိုးမျိုး အသုံးပြုနေသော်လည်း အသင်း၏ရိုးရာဖြစ်သည့် ခံစစ်ဦးစားပေးကစားဟန်ကိုတော့ ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။ ယူရိုပြိုင်ပွဲပြင်ဆင်မှုတွင် ဗိုင်းရပ်စ်ပြဿနာကြောင့် နှောင့်နှေးခဲ့ရသည်က အနည်းငယ်စိုးရိမ်စရာရှိသည်။

■ QUALIFYING RESULTS

ကာဇက်စတန်    ၃-၀    စကော့တလန်

    ဆန်မာရီနို    ၀-၂    စကော့တလန်

    စကော့တလန်    ၂-၁    ဆိုက်ပရပ်စ်

    ဘယ်လ်ဂျီယံ    ၃-၀    စကော့တလန်

    စကော့တလန်    ၁-၂    ရုရှား

    စကော့တလန်    ၁-၂    ဘယ်လ်ဂျီယံ

    ရုရှား    ၄-၀    စကော့တလန်

    စကော့တလန်    ၆-၀    ဆန်မာရီနို

    ဆိုက်ပရပ်စ်    ၁-၂    စကော့တလန်

    စကော့တလန်    ၃-၁    ကာဇက်စတန်

    စကော့တလန်    ၀(၅)-၀(၃)     အစ္စရေး

    ဆားဘီးယား    ၁(၄)-၁(၅)     စကော့တလန်

*ခြေစစ်ပွဲ တိုက်ရိုက်မအောင်မြင်သော်လည်း Play-offs အဆင့် Path-C  တွင်

အစ္စရေး၊ ဆားဘီးယားအသင်းများကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

■ အုပ်စုအလားအလာ

    စကော့တလန်အသင်း၏ကစားသမားအင်အားကို သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံးစုဖွဲ့မှုဟု တင်စားကြသော်လည်း အုပ်စုကျပ်ထဲကျရောက်နေမှုကြောင့် အတော်လေးရုန်းကန်ရမည့်အနေအထားဖြစ်သည်။ သို့သော် အုပ်စုထိပ်သီး အင်္ဂလန်၊ ခရိုအေးရှားတို့နှင့် အဖွင့်ပွဲမကစားရမှုက စကော့တလန်အတွက် အခွင့်အရေး ကောင်းဖြစ်ပြီး ချက်နှင့်ပွဲက အကောင်းဆုံးတတိယနေရာမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်သည်။

■ WORLD RANKING

အဆင့် - ၄၄ (၁၄၄၁.၄၃ မှတ်)

■ STAR PLAYER - ရောဘတ်ဆန်

စကော့တလန်အသင်း၏ အသင်းခေါင်းဆောင် ရောဘတ် ဆန်မှာ ပြီးခဲ့သည့် ခြေစစ်ပွဲအဆင့် များတွင် အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သူဖြစ်သည်။ လက် ရှိယူရိုပြိုင်ပွဲဝင်မည့် စကော့တ လန်ကစားသမားများထဲတွင် ဒုတိ ယမြောက် နိုင်ငံတကာပွဲအများ ဆုံးကစားထားသူဖြစ်သည်။ ပြီးခဲ့ သည့်ရာသီက လီဗာပူးလ်အသင်း တွင် ထင်တိုင်းမပေါက်ခဲ့ခြင်းကို ယူရိုပြိုင်ပွဲတွင် ပုံစံကောင်းပြပြီးချေ ဖျက်နိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

■ COACH - စတိဗ်ကလက်ခ် (စကော့တလန်)

စကော့တလန်အသင်းအား ၂၀၁၉ မေလမှ စတင်ကိုင်တွယ်ခဲ့ပြီး ယူရို-၁၉၉၆ ပြိုင်ပွဲနောက်ပိုင်း တစ်ကျော့ပြန်ခြေစစ်ပွဲအောင်မြင်စေရန် စွမ်း ဆောင်ပေးနိုင်ခဲ့သည်။ ကလက်ခ်သည် နည်းပြဘဝတွင် နယူးကာဆယ်၊ ဝက်စ်ဘရွန်း၊ အက်စတွန်ဗီလာစသည့် ပရီးမီးယားလိဂ်ကလပ်အသင်းများ ကိုလည်း ကိုင်တွယ်ခဲ့ဖူးသည်။ ကလက်ခ်လက်ထက်တွင် စကော့တလန် အသင်းမှာ ခံစစ်ကစားပုံ သိသိသာသာတိုးတက်လာခဲ့သည်။

■ အပြီးသတ်(၂၆)ဦးစာရင်း

ဂိုး    -    မာရှယ်လ်(ဒါဘီ)၊ ဂေါ်ဒွန်(ဟတ်စ်)၊ မက်ကလောက်ကလင်  (ရိန်းဂျားစ်)

နောက်တန်း    -    အိုဒန်နယ်လ်၊ ဂါလာဂါ(မားသားဝဲလ်)၊ ရောဘတ်ဆန်(လီဗာပူးလ်)၊ ဟန်လေ(နောဝစ်ချ်)၊ တီယာနေ(အာဆင်နယ်)၊ ဂရက်တေလာ(ဆဲလ်တစ်)၊ ကူးပါး(လိဒ်စ်)၊ ဟင်ဒရီ(အူစတန်ဒယ်)၊ ပတ်တာဆန်(ရိန်းဂျားစ်)၊ မက်ကန်နာ(နော်တင်ဟမ်)

အလယ်တန်း    -    တွမ်မီနေး(မန်ယူ)၊ မက်ဂင်(အက်စတွန်ဗီလာ)၊  မက်ဂရယ်ဂေါ်၊ တန်ဘူးလ်(ဆဲလ်တစ်)၊ ဖလက်ခ်(ရှက်ဖီးယူနိုက်တက်)၊ အမ်းစထရောင်း (ဆောက် သမ်တန်)၊ ဂယ်လ်မော်(ချယ်လ်ဆီး)

ရှေ့တန်း    -    လန်ဒန်ဒိုက်ခ်(QPR)၊ ချယ်အဒမ်စ်(ဆောက်သမ်တန်)၊ ခရစ္စတီး၊ ဖောရက်စ်(ဆဲလ်တစ်)၊ နစ်ဘတ်(ဟိုင်ဘာနီးယန်း)၊ ဖရေဆာ(နယူးကာဆယ်)

Most Read

Most Recent