ယူရိုပြိုင်ပွဲဝင်ကစားသမားများထဲတွင် ဘာပေ အကောင်းဆုံးဟု ဖလော်ရန်ဇီ ဆို

ယူရိုပြိုင်ပွဲဝင်ကစားသမားများထဲတွင် ဘာပေ အကောင်းဆုံးဟု ဖလော်ရန်ဇီ ဆို
Photo: Mirror
Photo: Mirror
Published 10 June 2021

အီတလီနောက်ခံလူ ဖလော်ရန်ဇီက ယူရိုပြိုင်ပွဲဝင်ကစားသမားများထဲတွင် ပြင်သစ်တိုက်စစ်မှူး ဘာပေက အကောင်းဆုံးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ထို့ပြင် PSG အသင်းဖော် ဘာပေကို ပိုင်ဆိုင်ထားသည့် ပြင်သစ်အသင်းမှာ ရေပန်းအစားဆုံးဟုလည်းလည်း ဖလော်ရန်ဇီက ပြောကြားခဲ့သည်။

''ပြင်သစ်အသင်းက ဘာပေကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ယူရိုပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ ပြင်သစ်အသင်းက ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူတို့လုပ်ပြခဲ့တာတွေက သက်သေပါပဲ။ ဒါပေမဲ့  ချန်ပီယံဖြစ်ဖို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး''ဟု ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent