ပလာတီနီရဲ့ စံချိန်ကို ဘယ်သူချိုးဖျက်နိုင်မလဲ

ပလာတီနီရဲ့ စံချိန်ကို ဘယ်သူချိုးဖျက်နိုင်မလဲ
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 10 June 2021

ဥရောပလက်ရွေးစင်ဘောလုံးအသင်းတွေရဲ့ ချန်ပီယံလုပွဲဖြစ်တဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ တစ်နည်းအားဖြင့် ယူရိုပြိုင်ပွဲစတင်မယ့်အချိန် ရောက်ရှိလာခဲ့ပါပြီ။ (၁၆)ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲက အရင်ကျင်းပပြီးခဲ့တဲ့ပြိုင်ပွဲတွေထက် ထူးခြားပါတယ်။ ပြိုင်ပွဲသက်တမ်းနှစ်(၆၀)ပြည့်အဖြစ် နိုင်ငံပေါင်း (၁၁)နိုင်ငံမှာ ဖြန့်ကြက်ကျင်းပသွားမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တစ်နှစ်နောက်ဆုတ်ခဲ့ရပေမဲ့ ပြိုင်ပွဲရဲ့အမည်ကိုတော့ ယရို-၂၀၂၀ လို့ပဲ ဆက်လက်ခေါ်တွင်စေခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပေါ်တူဂီအသင်းက လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပေမဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတာကတော့ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ ဗိုလ်လုပွဲမှာ ပေါ်တူဂီကို အရှုံးပေးခဲ့ရတဲ့ ပြင်သစ်အသင်း ဖြစ်ပါတယ်။ ပြင်သစ်ရဲ့နောက်မှာအင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီတို့ အစဉ်လိုက်ရှိနေပြီး ပေါ်တူဂီအသင်းက ရေပန်းစားမှု အဆင့်(၅)နေရာမှာသာ ရှိနေပါတယ်။ ဒါက ပေါ်တူဂီအသင်း ကျရောက်နေတဲ့အုပ်စုမှာ ပြင်သစ်နဲ့ ဂျာမနီတို့လို အင်အားကြီးအသင်းတွေ ရှိနေတာကြောင့်လည်းဖြစ်နိုုင်ပါတယ်။ ဒါပေမဲ့  ကျွမ်းကျင်သူတချို့ကတော့ လက်ရှိ ပေါ်တူဂီအသင်းဟာ ချန်ပီယံဖြစ်ခဲ့တုန်းကထက်တောင် ပိုတောင့်တင်းလာတယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် ရေပန်းစားတဲ့အသင်းတိုင်း ချန်ပီယံဆု ရယူနိုင်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိပါဘူး။ ပြီးတော့ ယူရိုပြိုင်ပွဲက ဘယ်သူမှ အထင်တကြီးမရှိခဲ့ကြတဲ့ ဂရိလို၊ ဒိန်းမတ်လိုအသင်းတွေ ဖောက်ထွက်ဗိုလ်စွဲခဲ့ဖူးတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် မှန်းဆရခက်တဲ့ ပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ဘယ်အသင်း ချန်ပီယံဖြစ်မှာလဲဆိုတဲ့ အကြောင်းအရာနဲ့အပြိုင် ရင်ခုန်စွာ စောင့်ကြည့်ရမယ့် နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ဂိုးသွင်းဘုရင်ဆုကို ဘယ်သူရယူသွားနိုင်မလဲ ဆိုတာပါပဲ။ ဒါက ချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်အသင်း(၂၄)သင်းထဲက တစ်သင်းကို ရွေးချယ်ရတာထက်လည်း ပိုခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုကို မျှော်လင့်နိုင်တဲ့ တိုက်စစ်မှူးတွေက (၂၄) ဦးမက ရှိနေတာကြောင့်ပါ။ ဒီနှစ်ပြိုင်ပွဲမှာ အသင်းတစ်သင်းကို ကစားသမား(၂၆)ဦး ရွေးချယ်ခွင့်ပြုထားတာကြောင့် အသင်းပေါင်း(၂၄)သင်းနဲ့အတူ ပါဝင်လာမယ့် ကစားသမားပေါင်းက (၆၂၄)ဦးရှိပါတယ်။ အသင်းတစ်သင်းမှာ တိုက်စစ်မှူး(၃)ဦးအနည်းဆုံးပါဝင်တာကြောင့်တိုက်စစ်မှူးပေါင်း (၇၂)ဦးက ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်ရမယ့် အခြေအနေလို့လည်း အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ဒီပြိုင်ဆိုင်မှုမှာ ဘယ်သူအောင်ပွဲခံသွားနိုင်မလဲ။ ရေပန်းအစားဆုံးဖြစ်နေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းပဲလား၊ လူကာကူလား၊ ဘာပေလား၊ စီရော်နယ်လ်ဒိုလား။ 

(၇)ပွဲ (၉)ဂိုး

    ပြိုင်ပွဲတစ်ခုရဲ့ ၈ိုးသွင်းဘုရင်ဆုကို ရယူနိုင်ဖို့ဆိုတာ အသင်းရဲ့ အောင်မြင်မှုအပေါ်လည်း မူတည်လေ့ရှိပါတယ်။ အုပ်စုအဆင့်နဲ့သာ ရပ်တန့်လိုက်ရတဲ့ အသင်းတစ်သင်းက တိုက်စစ်မှူးအနေနဲ့ ဂိုးသွင်းဘုရင်ဆုကို မျှော်လင့်နိုင်ဖို့ ခက်ပါတယ်။ အခုလိုမျိုး အုပ်စုအဆင့်၊ ရှုံးထွက်အဆင့်တွေ အဆင့်ဆင့်ယှဉ်ပြိုင်ရခြင်းမရှိတဲ့ ပြိုင်ပွဲရဲ့ အစောပိုင်းကာလကိုတော့ ခြွင်းချက်အဖြစ် သတ်မှတ်ရမှာပါ။ ထူးခြားတဲ့ မှတ်တမ်းတစ်ခုကတော့ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကို သွင်းဂိုး(၉)၈ိုးနဲ့ ရယူနိုင်ခဲ့တဲ့ ပလာတီနီရဲ့စံချိန်ကို ဘယ်သူမှ အမီမလိုက်နိုင်သေးတာပါပဲ။ ပြင်သစ်ဂန္ထဝင်် ပလာတီနီက ယူရို-၁၉၈၄ ပြိုင်ပွဲမှာ ဒီစံချိန်ကို ရယူခဲ့တာပါ။ အဲဒီတုန်းက အုပ်စုအဆင့်မှာ(၃)ပွဲ၊ ဆီမီးဖိုင်နယ်(၁)ပွဲနဲ့ ဗိုလ်လုပွဲ(၁)ပွဲ စုစုပေါင်း(၅)ပွဲသာ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပလာတီနီက အုပ်စုအဆင့်မှာ (၇)ဂိုး၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ တစ်ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဆု ရရှိခဲ့သူတိုင်း (၅)ဂိုးထက်တောင် ပိုသွင်းနိုင်ခြင်းမရှိခဲ့ဘဲ ပြီးခဲ့တဲ့ ယူ ရို-၂၀၁၆ ပြိုင်ပွဲမှာမှ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းက (၆)ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ရှုံးထွက်(၁၆)သင်းအဆင့်တစ်ဆင့် ထပ်တိုးခဲ့တာကြောင့် ဗိုလ်လုပွဲရောက်ခဲ့တဲ့ ဂရီးဇ်မန်းက (၇)ပွဲအထိ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ပြိုင်ပွဲဝင်အသင်းအရေအတွက်တွေ တိုးမြှင့်ပြီး ရှုံးထွက်အဆင့်မှာ ပွဲစဉ်တွေ ထပ်တိုးသွားတဲ့အခြေအနေက ပလာတီနီရဲ့ စံချိန်ကို အမီလိုက်ဖို့၊ ကျော်ဖြတ်ဖို့အတွက် အခွင့်အရေးသစ်လို့လည်း ဆိုနိုင်ပါတယ်။ (၅)ပွဲကစားပြီး (၉)ဂိုး သွင်းခဲ့တဲ့ ပလာတီနီကို (၇)ပွဲကစားရမယ့် တိုက်စစ်မှူးတွေ ကျော်ဖြတ်နိုင်စွမ်းမရှိဘူးလား။ ပလာတီနီတို့ခေတ်က တိုက်စစ်ကို ပိုအသားပေးကစားခဲ့ကြပြီး ဒီဘက်ခေတ်မှာ ဂိုးသွင်းဖို့ ပိုခက်လာတဲ့ အခြေအနေကွာခြားမှုတော့ ရှိပါတယ်။

ဒါပေမဲ့ အခု ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဆင်နွှဲမယ့် တိုက်စစ်မှူးတွေထဲ အကောင်းဆုံးတိုက်စစ်စွမ်းဆောင်ရည် ပြသနေသူတွေ အများကြီးပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းဘုရင်ဆုရရှိခဲ့သူတွေ၊ ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်အဆိုင်ခြေစွမ်းပြခဲ့ကြသူတွေ အတော်များများပါဝင်ခဲ့ကြတာပါ။ လာလီဂါဂိုးသွင်းဘုရင်ဆုရခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကလွဲရင် ကျန်တဲ့တိုက်စစ်မှူးတွေ ယူရိုပြိုင်ပွဲ ဆင်နွှဲခွင့်ရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုရခဲ့တဲ့ ဟာရီကိန်း၊ စီးရီးအေဂိုးသွင်းဘုရင်ဆုရခဲ့တဲ့ စီရော်နယ်လ်ဒို၊ ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆုရခဲ့တဲ့ လီဝန်ဒေါစကီး၊ ပြင်သစ်လီဂူးဂိုးသွင်းဘုရင်ဆုရခဲ့တဲ့ ဘာပေတို့ အားလုံးပါဝင်နေတာပါ။ ဒါ့အပြင် လာလီဂါမှာ မက်ဆီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ဘန်ဇီမာနဲ့ ဂျရတ်မော်ရီနို၊ စီးရီးအေမှာ စီရော်နယ်လ်ဒိုရဲ့နောက်မှာ ရပ်တည်ခဲ့တဲ့ လူကာကူ၊ ဘွန်ဒစ်လီဂါမှာ လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ အန်ဒရေဆေးလ်ဗား၊ ပြင်သစ်လီဂူးမှာ ဘာပေရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ဒီပိုင်းတို့လည်း ယူရို-၂၀၂၀ ပြိုင်ပွဲကို ဆင်နွှွဲခွင့်ရရှိခဲ့ပါတယ်။ ဒီလိုမျိုး ခြေစွမ်းပြခဲ့တာကြောင့်လည်း လက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခံရခြင်းဖြစ်တာကြောင့် မထူးဆန်းဘူးလို့ ဆိုနိုင်ပေမဲ့ ယူရိုပြိုင်ပွဲဖြစ်နေလို့လည်း ဒီလိုကစားသမားတွေကို အစုံအလင်မြင်တွေ့ရတာပါ။ ဒီတိုက်စစ်မှူးတွေထဲမှာမှ ဟာရီ ကိန်း၊ လူကာကူ၊ ဘာပေ၊ စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတာကတော့ သူတို့ရဲ့အသင်းတွေက ချန်ပီယံဆုအတွက် အလားအလာကောင်းနေတဲ့ အသင်းတွေ ဖြစ်နေတာကြောင့်ပါပဲ။ ယူရိုပြိုင်ပွဲမှာ ချန်ပီယံအသင်းနဲ့ ဂိုးသွင်းဘုရင်ကို အမြဲတမ်းပူးတွဲမြင်တွေ့ရတတ်တာ မဟုတ်ပေမဲ့  ပွဲပိုကစားရလေ၊ အခွင့်အရေးပိုရလေ ဖြစ်မှာကတော့ သဘာဝကျပါတယ်။ 

နောက်ဆုံးအခွင့်အရေး

    ဂိုးသွင်းဘုရင်ဆု အပြိုင်လုရမယ့် ကစားသမားတွေထဲမှာ တချို့ကတော့ ဒီပြိုင်ပွဲက နောက်ဆုံးအခွင့်အရေးလို ဖြစ်လာနိုင်ပါတယ်။ သူတို့တွေက စီရော်နယ်လ်ဒို၊ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးတို့ပါ။ အသက်(၃၆)နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုအတွက် နောက်ထပ်(၃)နှစ်အကြာမှာ ကျင်းပမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကို ထပ်မံဆင်နွှွဲခွင့်ရဖို့ ဖြစ်နိုင်ခြေနည်းပါးနေပါပြီ။ ဒါကြောင့် ဒီပြိုင်ပွဲမှာ နောက်ဆုံးအခွင့်အရေးအဖြစ် ကြိုးစားရမလိုဖြစ်နေပါတယ်။ စီရော်နယ်လ်ဒိုက ယူရိုပြိုင်ပွဲမှာ စုစုပေါင်း(၉)ဂိုးသွင်းယူထားပြီး ပြိုင်ပွဲရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပလာတီနီနဲ့ ပူးတွဲဦးဆောင်နေပေမဲ့ ဂိုးသွင်းဘုရင်ဆုကိုတော့ တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ် ရယူဖူးခြင်းမရှိသေးပါဘူး။ ယူရို -၂၀၁၂ ပြိုင်ပွဲမှာ တခြားကစားသမား(၅)ဦးနဲ့အတူ (၃)ဂိုးစီသွင်းယူပြီး ပူးတွဲရယူဖူးတာသာ ရှိပါသေးတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ချန်ပီယံလိဂ်စတဲ့ ပြိုင်ပွဲမျိုးစုံမှာ ဂိုးသွင်းဘုရင်ဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုအတွက် ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကို တစ်ဦးတည်းပိုင်ပိုင်နိုင်နိုင်ရယူနိုင်ဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ လက်ရှိပေါ်တူဂီအသင်းရဲ့ အခြေအနေက ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့အဆင့်မှာရှိနေပေမဲ့ အုပ်စုကျပ်ထဲက ရုန်းထွက်နိုင်ဖို့တော့ လိုအပ်နေပါတယ်။ ပေါ်တူဂီ၊ ပြင်သစ်နဲ့ ဂျာမနီတို့ အုပ်စုတစ်ခုတည်းမှာ ကျရောက်ခဲ့ခြင်းက စီရော်နယ်လ်ဒိုအတွက်သာမက ပြင်သစ်နဲ့ ဂျာမနီတိုက်စစ်မှူးတွေအတွက်လည်း ဂိုးသွင်းဘုရင်ဆုပြိုင်ဆိုင်မှုမှာ ပိုပြီးခက်ခဲသွားစေခဲ့ပါတယ်။ ဒါကြောင့် ဘာပေ၊ ဘန်ဇီမာ၊ တီမိုဗာနာတို့ရဲ့ ရေပန်းစားမှု နောက်ရောက်သွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ဘန်ဇီမာကလည်း အသက်(၃၃)နှစ်ရှိပြီဖြစ်တာကြောင့် ဒီပြိုင်ပွဲက သူ့အတွက် နောက်ဆုံးယူရို ဖြစ်သွားနိုင်ပါတယ်။ ဝေဖန်ပြစ်တင်မှုတွေ များပြားလာတာကြောင့် နည်းပြ ဒေးရွှမ့်က ဘန်ဇီမာကို လက်ရွေးစင်အဖြစ် တစ်ကျော့ပြန်ရွေးချယ်ခဲ့ပေမဲ့ ကြယ်ပွင့်သစ်တွေ ပေါများတဲ့ ပြင်သစ်အသင်းမှာ အသက်အရွယ်အရ နောက်တစ်ကြိမ် ရွေးချယ်ခံရဖို့ အလားအလာနည်းနေပြီလို့ ဆိုရမှာပါ။ ဘန်ဇီမာက ပြင်သစ်အသင်းအတွက် (၂၇)ဂိုး သွင်းယူပေးထားပြီး ယူရိုပြိုင်ပွဲ(၂)ကြိမ် ဆင်နွှဲထားဖူးပေမဲ့ အံ့အားသင့်စရာကောင်းတာကတော့ ယူရိုမှာ တစ်ဂိုးမှ သွင်းယူဖူးခြင်းမရှိသေးတာပါပဲ။ ဒါကြောင့် လာမယ့်ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင်ပဲ ဘန်ဇီမာအတွက် မှတ်တမ်းသစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ပလာတီနီနဲ့ ဂရီးဇ်မန်းတို့လို ဂိုးသွင်းဘုရင်ဆုကိုပါ ရယူနိုင်ခဲ့ရင်တော့ ထူးခြားမှုတစ်ခု ဖြစ်သွားနိုင်ပါတယ်။ လီဝန်ဒေါစကီးကလည်း (၃၂)နှစ်ရှိပါပြီ။ လက်ရှိကြံ့ခိုင်မှု၊ လက်ရှိခြေစွမ်းအရ ယူရို-၂၀၂၄ ပြိုင်ပွဲကို ဆင်နွှဲခွင့်ရနိုင်သေးပေမဲ့ ပိုလန်အသင်းက ယူရိုပြိုင်ပွဲကို မပြတ်တမ်း ယှဉ်ပြိုင်ခွင့်ရပါ့မလားလို့တော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဒီလိုမျိုး အသင်းရဲ့အင်အား နိမ့်ပါးမှုကြောင့်လည်း လီဝန်ဒေါစကီးက ယူရို-၂၀၁၂ ပြိုင်ပွဲမှာ (၁)ဂိုး၊ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လာမယ့်ပြိုင်ပွဲမှာရော တစ်ဂိုးနဲ့ပဲ ကျေနပ်ရဦးမှာလား။ ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဂတ်မူလာရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ လီဝန်ဒေါစကီးအတွက် စပိန်၊ ဆွီဒင်၊ ဆလိုဗက်ကီးယားတို့နဲ့ ရင်ဆိုင်ရမယ့် အုပ်စုမှာ စွမ်းဆောင်ပြနိုင်သင့်တာတော့ အမှန်ပါပဲ။ နောက်ဆုံးအခွင့်အရေးဖြစ်လာနိုင်တဲ့ပြိုင်ပွဲမှာ ၀ါရင့်တိုက်စစ်မှူးတွေ ဘယ်လောက်စွမ်းဆောင်နိုင်မလဲ။ ရေပန်းစားနေတဲ့အတိုင်း ဟာရီကိန်း၊ လူကာကူ၊ ဘာပေတို့ကပဲ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကို ရယူသွားနိုင်မလား။ ပလာတီနီရဲ့စံချိန်ကို ချိုးဖျက်နိုင်တဲ့အထိ ဂိုးသွင်းစွမ်းရည်ပြသနိုင်သူ ပေါ်ထွက်လာမလားဆိုတာ . . . .။

ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှု

ကစားသမား    အလေးပေးမှု

ဟာရီကိန်း(အင်္ဂလန်)    ၃၆း၅

လူကာကူ(ဘယ်လ်ဂျီယံ)    ၁၅း၂

ဘာပေ(ပြင်သစ်)    ၁၂း၁

စီရော်နယ်လ်ဒို(ပေါ်တူဂီ)    ၁၅း၁

ဘန်ဇီမာ(ပြင်သစ်)    ၁၆း၁

ဒီပိုင်း(နယ်သာလန်)    ၁၈း၁

အီမိုဘီလီ(အီတလီ)    ၂၂း၁

ဂရီးဇ်မန်း(ပြင်သစ်)    ၂၅း၁

လီဝန်ဒေါစကီး(ပိုလန်)    ၂၅း၁

မိုရာတာ(စပိန်)    ၃ဝး၁

တီမိုဗာနာ(ဂျာမနီ)    ၃ဝး၁

Most Read

Most Recent