စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၂၃ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ပြန်လည်ကျင်းပရန် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) နှင့် ဆော်ဒီအစိုးရတာဝန်ရှိသူတို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
စပိန်ဘောလုံးအဖွဲ့ချုပ်သည် စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှစ၍ အသင်း(၄)သင်းသို့ တိုးမြှင့်ကာ ဆော်ဒီအာရေဗျနိုင်ငံတွင် ယှဉ်ပြိုင်စေခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၁ ခုနှစ်တွင် စပိန်နိုင်ငံ၌ ပြန်လည်ကျင်းပခဲ့ရသည်။
ယခုအခါ ၂၀၂၃ ခုနှစ် မှ ၂၀၂၉ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံတွင် ပြန်လည်ကျင်းပရန် သဘောတူညီမှုရရှိခဲ့ပြီး ယင်းအတွက် RFEF အနေဖြင့် ယူရိုသန်း(၃၂၀)ရရှိမည်ဟု သိရသည်။ ဆော်ဒီတွင် ကျင်းပခဲ့သည့် စပိန်စူပါဖလားပြိုင်ပွဲ၌ ရီးယဲလ်အသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။















