အာနိုးလ်၏ဒဏ်ရာမှာ (၁)လခန့်သာ အနားယူရမည်ဖြစ်၍ ယူရိုပြိုင်ပွဲလွဲသော်လည်း ရာသီကြိုတွင်ပါဝင်နိုင်ရန် လီဗာပူးလ်မျှော်လင့်

အာနိုးလ်၏ဒဏ်ရာမှာ (၁)လခန့်သာ အနားယူရမည်ဖြစ်၍ ယူရိုပြိုင်ပွဲလွဲသော်လည်း ရာသီကြိုတွင်ပါဝင်နိုင်ရန် လီဗာပူးလ်မျှော်လင့်
Photo : Gettyimages
Photo : Gettyimages
Published 7 June 2021

ပေါင်ဒဏ်ရာကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အင်္ဂလန်လက် ရွေးစင်အသင်းလူစာရင်းမှ ပြန်လည် နုတ်ထွက်ခဲ့ရသော လီဗာပူးလ်နောက် ခံလူ အာနိုးလ်အနေဖြင့် လာမည့် ၂၀၂၁-၂၂ ရာသီကြိုပြင်ဆင်မှုများ တွင် ပါဝင်နိုင်ရန် လီဗာပူးလ်အသင်း တာဝန်ရှိသူများက မျှော်လင့်နေ ကြောင်းသိရသည်။ အသက်(၂၂)နှစ် အရွယ်ရှိပြီဖြစ်သည့် အာနိုးလ် အနေ ဖြင့် ဒဏ်ရာအနေအထားအရ နောက် ထပ်တစ်လသာ အနားယူပြီး ပြန်လည် ကောင်းမွန်လာဖွယ်ရှိသဖြင့် လီဗာ ပူးလ်အသင်းတာဝန်ရှိသူများက ယင်း ကဲ့သို့ မျှော်လင့်နေခြင်းဖြစ်သည်။

    

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြ ဆောက်ဂိတ်သည် အင်္ဂလန်အ သင်းအပြီးသတ်(၂၆)ဦးလူစာရင်းတွင် အခြားညာတောင်ပံနောက်ခံလူများ ဖြစ်သည့် ရီးစ်ဂျိမ်းစ်၊ ထရစ်ပီယာ၊ ဝေါ်လ်ကာအစရှိသူတို့နှင့်အတူ ညာ နောက်ခံကစားသမား အာနိုးလ်ကို ထည့်သွင်းရွေးချယ်ခဲ့သော်လည်း သူ ၏ ဒဏ်ရာအခြေအနေအရအသင်း လူစာရင်းမှ ပြန်လည်နုတ်ထွက်ရခြင်း ဖြစ်သည်။ အာနိုးလ် နုတ်ထွက်ခဲ့သော် လည်း အင်္ဂလန်အသင်းလူစာရင်း၌ ညာနောက်ခံလူ(၃)ဦးကျန်ရှိနေသေး သလို ၎င်းင်းကစားသမားများမှာ နောက် တန်းတွင် နေရာစုံရွေ့လျားကစား နိုင်သူများဖြစ်၍ အသင်းအတွက် ပြ ဿနာမရှိနိုင်ကြောင်း သိရသည်။

    

လီဗာပူးလ်အသင်းဆေးအဖွဲ့ တာဝန်ရှိသူများက အာနိုးလ်၏ ဒဏ် ရာမှာ နောက်ထပ်(၁)လခန့်သာ အ နားယူရမည်ဖြစ်၍ ယူရိုပြိုင်ပွဲနှင့်လွဲ ချော်မည်ဖြစ်သော်လည်း ရာသီကြိုအ သင်း၏ ပြင်ဆင်မှုများတွင် ပါဝင်နိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent