ယာနစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စီစဉ်

ယာနစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 5 June 2021

ဂျူဗင်တပ်စ်အသင်းသည် ဘာစီလိုနာအသင်းမှ အသင်းကွင်းလယ်လူဟောင်း ယာနစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ဘော့စနီးယားကွင်းလယ်လူ ယာနစ်သည် ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရိုသန်း (၆၀)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် ၎င်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ဘာစီလိုနာအသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ပွဲ(၃၀) တွင် ပွဲထွက်အဖြစ် (၁၃)ပွဲသာ ကစားခွင့်ရရှိခဲ့သည်။ 

ထို့ကြောင့် ယာနစ်က ဘာစီလိုနာကစားသမားဘဝ ပထမရာသီမှာ ခါးသီးစရာဖြစ်ခဲ့ပြီး အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားရတော့မည်ဟု ပြောကြားခဲ့သည်။ 

ယခုအခါ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက နည်းပြ ရော်နယ်လ်ကိုးမန်းအနေဖြင့် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဟု ကြေညာခဲ့ရာ ယာနစ်၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ဘာစီလိုနာအသင်းတွင် ယာနစ်၏အခြေအနေကို စောင့်ကြည့်နေပြီး ကနဦးတစ်ရာသီအငှားဖြင့် ခေါ်ယူကာ နောက်ပိုင်းတွင် အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ်က ယာနစ်နှင့် (၃)ရာသီ လက်တွဲဖူးသူဖြစ်ပြီး ၎င်းနှင့်ပြန်လည်လက်တွဲရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent