၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ရွှေဖက်စပ်လုပ်ကွက်များမှ ထရိုင်အောင်စ ၇၅၉ ဒသမ ၉၇၁ ထုတ်လုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၀၆ ဒသမ ၀၈၄ ထုတ်လုပ်

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ရွှေဖက်စပ်လုပ်ကွက်များမှ ထရိုင်အောင်စ ၇၅၉ ဒသမ ၉၇၁ ထုတ်လုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၀၆ ဒသမ ၀၈၄ ထုတ်လုပ်
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တွေ့ရစဉ်
Published 1 June 2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ရွှေဖက်စပ်လုပ်ကွက်များမှ ထရိုင်အောင်စ ၇၅၉ ဒသမ ၉၇၁ ထုတ်လုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၀၆ ဒသမ ၀၈၄ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ထရိုင်အောင်စ ၆၂၈ ဒသမ ၃၁၀ ၊ နိုဝင်ဘာတွင် ထရိုင်အောင် စ၆၄၁ ဒသမ ၉၀၀၊ ဒီဇင်ဘာတွင် ထရိုင်အောင်စ ၇၅၈ ဒသမ ၀၅၂၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထရိုင်အောင်စရ၅၉ ဒသမ ၉၇၁ ထုတ်လုပ်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင်  ထရိုင်အောင်စ ၄၆၇ ဒသမ ၀၃၀ ၊ နိုဝင်ဘာတွင် ထရိုင်အောင်စ၂၁၇ ဒသမ ၈၈၀၊ ဒီဇင်ဘာတွင် ထရိုင်အောင်စ ၂၄၅ ဒသမ ၇၀၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထရိုင်အောင်စ ၅၀၆ ဒသမ ၀၈၄ ထုတ်လုပ်ထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင်  ထရိုင်အောင်စ ၅၂ ဒသမ ၅၁၀ ၊ နိုဝင်ဘာတွင် ထရိုင်အောင်စ၃၀၂ ဒသမ ၅၄၀၊ ဒီဇင်ဘာတွင် ထရိုင်အောင်စ ၃၁၀ ဒသမ ၄၈၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထရိုင်အောင်စ ၅၂ ၉ ဒသမ ၇၈၀၁ ထုတ်လုပ်ထားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် လအလိုက် ထုတ်လုပ်မှုအနေဖြင့်၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင်  ထရိုင်အောင်စ ၁၀၈ ဒသမ ၇၇၀ ၊ ဒီဇင်ဘာတွင် ထရိုင်အောင်စ ၇၉ ဒသမ ၂၉၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထရိုင်အောင်စ ၅၄ ဒသမ ၁၆၀ ထုတ်လုပ်ထားသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် လအလိုက် ထုတ်လုပ်မှုအနေဖြင့်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ထရိုင်အောင်စ ၁၂၁ ဒသမ ၄၈၀၊ ဒီဇင်ဘာတွင် ထရိုင်အောင်စ ၁၂၂ ဒသမ ၅၈၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထရိုင်အောင်စ ၁၃၃ ဒသမ ၂၉၇ ထုတ်လုပ်ထားသည်။ ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ထရိုင်အောင်စ ၁၃ ဒသမ ၆၅၀ ထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၈၃၄ ဒသမ ၁၆ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၇၃၄  ဒသမ ၂၆ အထိ အများဆုံးထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁ ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင် စ၊ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉၀ ထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ  ၈၀၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ သြဂုတ်လတွင် ၆၈၀ ဒသမ ၅၈၀ ထရိုင်အောင်စ၊ စက်တင်ဘာလတွင် ၇၉၈ ဒသမ ၂၄၀ ထရိုင်အောင်စဖြင့် စုစု ပေါင်း  ၇၈၃၄ ဒသမ ၁၆ ထရိုင်အောင်စ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent