ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၄၃ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၆၂၅၀၀၀ သို့ ပြန်လည်ရောက်ရှိ

ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၄၃ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၆၂၅၀၀၀ သို့ ပြန်လည်ရောက်ရှိ
Published 15 May 2021

မေလ ၁၅ရက်နေ့တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၄၃ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေး ကျပ် ၁၆၂၅၀၀၀ သို့ ပြန်လည်ရောက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင် ရောင်းချပေးမှုကြောင့် ဆက်တိုက်မြင့်တက်နေသည့် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၁၆၂၅၀၀၀ သိန်းဝန်းကျင်သို့ ပြန်လည်ရောက် ရှိခဲ့သည်။

ပြည်တွင်းရွှေစျေးမှာ မေ ၈ ရက်မှ မေ ၁၂ ရက် နေ့လည်အတွင်း ကျပ်နှစ်သိန်းဝန်းကျင်အထိခုန်ထက်ပြီး ရွှေစျေးနှုန်း ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက် လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ (မေ ၁၃ ရက်) မှစ၍ ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ် လာ စတင်ရောင်းချခဲ့သည်။

ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ရောင်းချ မည့် အမေရိကန်ဒေါ်လာစျေးနှုန်းကို တစ် ဒေါ်လာလျှင် ၁၆၄၅ ကျပ် သတ်မှတ်ထား သည်။ ၂၀၂၁ ခုနှစ် မေ ၁၄ ရက် နေ့လည် ၂ နာရီခန့်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၅ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ပြီး မြန်မာ့ရွှေစျေးနှုန်းမှာ ကျပ် ၁၆၂၅၀၀၀ သိန်းဝန်းကျင်အထိ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေ ၁၂ ရက် နေ့လည် ၂ နာရီခန့်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၃ ဒေါ် လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ငါးရက်အတွင်း ကျပ်နှစ်သိန်းဝန်း ကျင်အထိ ခုန်တက်ခဲ့ပြီး ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းပြီး မေ ၁၂ ရက် ညနေပိုင်းတွင် ရွှေစျေးနှုန်းများ ကျပ် ၁၆ သိန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့   ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေ ၁၁ ရက်တွင် ကမ္ဘာ့ ရွှေစျေး ၁၈၄၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ လေးရက်အတွင်း ကျပ်တစ်သိန်းဝန်းကျင်ခုန်တက်ခဲ့ပြီး ကျပ် ၁၆၂၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့် တက်ခဲ့သည်။

၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ် ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ သုံးရက်အတွင်း ကျပ်ခြောက်သောင်းကျော် ခုန်တက်ခဲ့ပြီး ကျပ် ၁၅၈၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအ လိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်း များမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၅၅၀၀၊ စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀၊ အောက်တို ဘာတွင် ကျပ် ၁၃၀၇၅၀၀-၁၃၁၉၀၀၀၊ နိုဝင် ဘာတွင် ကျပ် ၁၂၆၆၇၀၀-၁၃၁၈၀၀၀၊ ဒီဇင်ဘာတွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၃၀၀၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ် ၁၃၁၆၅၀၀- ၁၃၃၆၀၀၀ ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၁၅၄၉- ၁၆၅၉ ဒေါ်လာ၊ မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉- ၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၈၀၃-၁၉၅၈ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ကွာဟ ချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော်အထိရှိခဲ့သည်။

Most Read

Most Recent