ဗဟိုဘဏ်က ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းချမှုစတင်ပြီးနောက် ပြည်တွင်းရွှေစျေး ကျပ် ၁၆၂၅၀၀၀ ဝန်းကျင်သို့ ပြန်ရောက်

ဗဟိုဘဏ်က ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းချမှုစတင်ပြီးနောက် ပြည်တွင်းရွှေစျေး ကျပ် ၁၆၂၅၀၀၀ ဝန်းကျင်သို့ ပြန်ရောက်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 14 May 2021
ရွှန်းလဲ့ဝင်း

မေ ၁၃ ရက်မှစ၍ ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချပေးမှုကြောင့် ဆက်တိုက်မြင့်တက်နေသည့် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၁၆၂၅၀၀၀ သိန်း ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးမှာ မေ ၈ ရက်မှ မေ ၁၂ ရက်၊ နေ့လည်အတွင်း ကျပ်နှစ်သိန်းဝန်းကျင်အထိ ခုန်ထက်ပြီး ရွှေစျေးနှုန်း ကျပ် ၁၆၉၀၀၀၀  ဝန်းကျင်ထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မေ ၁၃ ရက်မှစ၍ ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချခဲ့သည်။

ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ရောင်းချမည့် အမေရိကန်ဒေါ်လာစျေးနှုန်းကို တစ်ဒေါ်လာလျှင် ၁၆၄၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် မေ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၅ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး မြန်မာ့ ရွှေစျေးနှုန်းမှာ ကျပ် ၁၆၂၅၀၀၀ သိန်း ဝန်းကျင်ထိ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီတွင် ကမ္ဘာ့ရွှေစျေး ၁၈၃၃ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ငါးရက်အတွင်း ကျပ်နှစ်သိန်းဝန်းကျင် ထိခုန်တက်ခဲ့ပြီး ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းပြီး မေ ၁၂ရက် ညနေပိုင်းတွင် ရွှေစျေးနှုန်းများ ကျပ် ၁၆ သိန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေ ၁၁ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၄၂ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ လေးရက်အတွင်း ကျပ်တစ်သိန်း ဝန်းကျင်ခုန်တက်ခဲ့ပြီး ကျပ် ၁၆၂၀၀၀၀ ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၆ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ သုံးရက်အတွင်း ကျပ်ခြောက်သောင်းကျော် ခုန်တက်ခဲ့ပြီး ကျပ် ၁၅၈၀၀၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၁၅၄၉-၁၆၅၉ ဒေါ်လာ၊ မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ၂၀၂ဝပြည့်နှစ်၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၈၀၃-၁၉၅၈ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

Most Read

Most Recent