ပြည်တွင်းစက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၉၉၀ ကျော်မှ ၁၁၀၀ နီးပါးအထိရှိလာပြီး သုံးလအတွင်း ပျမ်းမျှစက်သုံးဆီးစျေးနှုန်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်

ပြည်တွင်းစက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၉၉၀ ကျော်မှ ၁၁၀၀ နီးပါးအထိရှိလာပြီး သုံးလအတွင်း ပျမ်းမျှစက်သုံးဆီးစျေးနှုန်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်
Published 13 May 2021

ပြည်တွင်းစက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၉၉၀ ကျော်မှ ၁၁၀၀ နီးပါးအထိရှိလာပြီး သုံးလအတွင်း ပျမ်းမျှစက်သုံးဆီစျေးနှုန်း ၃၃ ရာခိုင်နှုန်း ကျော်မြင့်တက်လာကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ် လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ လီတာရ၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

လက်ရှိမေ ၁၃ ရက်တွင် ဒီဇယ်တစ် လီတာလျှင် ၉၉၅ ကျပ်၊ ပရီမီယံဒီဇယ်တာ ၁၀၁၅ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၉၉၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၈၀ ကျပ်အထိရှိလာကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရ သည်။

ဖေဖော်ဝါရီလဆန်းမှ လက်ရှိအချိန်အထိ သုံးလကျော်တွင် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းမှာ ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ်ကျော်၊ အောက်တိန်း 92Ron တစ်လီတာ ၃၇၀ ကျပ်ကျော် ၊ အောက်တိန်း 95Ron တစ်လီတာ ၃၃၀ ကျပ်ကျော်အထိ အသီးသီးမြင့်တက်ခဲ့သည်။

အထက်ပါ စျေးနှုန်းများအရ အဆိုပါ သုံးလအတွင်း ဒီဇယ်အမျိုးအစားစျေးနှုန်း များမှာ တစ်လီတာ ၃၃ ရာခိုင်နှုန်းကျော်မြင့် တက်ခဲ့သည်။ အောက်တိန်း 92Ron တစ် လီတာလျှင် ၃၇ ရာခိုင်နှုန်းကျော်နှင့်အောက် တိန်း 95Ron တစ်လီတာ ရာခိုင်နှုန်း ၃၀ ကျော်မြင့်တက်ခဲ့သည်။

“အခုက လေးထောင်ဖိုးကို လေးလီ တာပဲရတော့တာ အောင်မင်္ဂလာကနေ သင်္ဃန်းကျွန်းကို အရင်က ငါးထောင်၊ ခြောက်ထောင်နဲ့ လိုက်လို့ရတယ်။ အခုကျ တော့ အဲ့ကိုပို့ပြီး ပြန်လာရင် သုံးလီတာ သုံး ဘူးပေါ့နော် လောက်ကုန်တယ်။ အော်ဒါ ပြန်ရရင်မဆိုးပေမဲ့။ စျေးနှုန်းကလည်း တိုး တောင်းမရဘူး။ ခရီးသည်တွေမှာလည်း ငွေ ကအခုချိန်မှာ အားလုံးကအခက်အခဲရှိနေ တာဆိုတော့ မြင်နေရတာပဲ ပိုက်ဆံထုတ်ဖို့ တန်းစီနေရတာတွေကို။ အဲတော့ သူတို့ဆီ ကလည်း အရင်ကလို ဆီစျေးတက်လို့ဆိုပြီး ဒီအချိန်မှာ တိုးတောင်းမရ။ အားလုံးအခက် အခဲဖြစ်တာပေါ့” ဟု အောင်မင်္ဂလာမှတက္က စီယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျှက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်းသာ တင်သွင်းမှု တန်ဖိုးဒေါ်လာ ၁ ဒသမ ၂ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန်တစ်သန်းကျော်အထိလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်းလျော့ကျခဲ့သည့်အတွက် တန်ဖိုးဒေါ် လာ ၆၆၃ ဒသမ ၃၄၇ သန်းလျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ် လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ ယခင် နှစ်ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲ ကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာသန်း ၄၃၀ ကျော်လျော့ကျခဲ့သည်။

ထို့အတူ ဓာတ်ဆီတန်ချိန်တစ်သန်း ကျော်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၅၃၆ ဒမ သ ၁၁၃ သန်းရှိသည်။ ယခင်နှစ်ကာလတူ ထက် တန်ချိန်သုံးသိန်းခွဲကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ ၁၈ရသန်းလျော့ ကျခဲ့သည်။

Most Read

Most Recent