မေ ၁၃ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာ ခြောက်သန်း ထပ်မံ ရောင်းချခဲ့

မေ ၁၃ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာ ခြောက်သန်း ထပ်မံ ရောင်းချခဲ့
Published 13 May 2021

၂၀၂၁ ခုနှစ် မေ ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာ ခြောက်သန်း ရောင်းချခဲ့သည်။ လေလံအတွက် ပျှမ်းမျှ ငွေလဲနှုန်းမှာ ၁၆၆၉ ဒသမ ၅ ကျပ် ဖြစ်သည်။

မေ ၁၂ ရက်ကလည်း နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာ ခြောက်သန်းကို ဗဟိုဘဏ်က ရောင်းချခဲ့သည်။

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် မေ ၁၃ရက်တွင် ၉၀ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ပြီး မေ ၁၃ရက်၌ နေ့လည် ၂နာရီခန့်က ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြား ငွေစျေးနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၄၅ ဝန်း ကျင်ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်း  ဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်ခြောက်လအတွင်း အမြင့် ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအ ညွှန်းကိန်းများမှာ အောက်တိုဘာတွင် ၉၄ ဒသမ ၁၂ ပွိုင့်၊ နိုဝင်ဘာတွင် ၉၄ ဒသမ ၂၄ ပွိုင့်၊ ဒီဇင်ဘာတွင် ၈၉ ဒသမ ၉၃ ပွိုင့်၊ ဇန်န ၀ါရီတွင် ၉၁ ဒသမ ၀၂ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ် တွင် ၉၀ ဒသမ ၉၃ ပွိုင့်ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲ နှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ် တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် မေ၁၃ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထား များမှာ ယူရို ၁၈၁၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၇၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၃ ကျပ်၊ ထိုင်းဘတ် ၅၁.၅ကျပ်၊ တရုတ်ယွမ် ၂၁၉ ကျပ် ဖြစ်သည်။

မေ ၁၂ ရက်တွင် ဗဟိုဘဏ်သည် နိုင်ငံ ခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာခြောက် သန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းမှာ ၁၆၅၀ ဒသမ ၆ ကျပ်ဖြစ်သည် ဟု  ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလ အထိ လအလိုက်ရောင်းဝယ်မှုပမာဏများ မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ် လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ တစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာ သုံးသန်းပြန် လည်ရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါ ရီတွင် ဒေါ်လာ ၁ ဒသမ ၈ သန်းဝယ်ယူခဲ့ သည်။ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ် နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန် ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖွင့်လှစ်ဆောင် ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent