ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၀ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၃၅ ကျပ် ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၀ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၃၅ ကျပ် ဝန်းကျင်ရှိနေ
Published 12 May 2021

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် မေ ၁၂ရက်တွင် ၉၀ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး မေ ၁၂ ရက်၌ ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၃၅ ဝန်းကျင်ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ အောက်တိုဘာတွင် ၉၄ ဒသမ ၁၂ ပွိုင့်၊ နိုဝင်ဘာတွင် ၉၄ ဒသမ ၂၄ ပွိုင့်၊ ဒီဇင်ဘာတွင် ၈၉ ဒသမ ၉၃ ပွိုင့်၊ ဇန်နဝါရီတွင် ၉၁ ဒသမ ၀၂ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၉၃ ပွိုင့် ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် မေ ၁၂ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၇၈၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၈၃၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၀ ကျပ်၊ ထိုင်းဘတ် ၅၂.၈၀ ကျပ်၊ တရုတ်ယွမ် ၂၁၉ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၂၀ ကျပ် ဖြစ်သည်။

Most Read

Most Recent