ပြည်တွင်းရွှေစျေး ငါးရက်အတွင်း ကျပ်နှစ်သိန်းဝန်းကျင်ခုန်တက်ပြီး ရွှေစျေးနှုန်း ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်

ပြည်တွင်းရွှေစျေး ငါးရက်အတွင်း ကျပ်နှစ်သိန်းဝန်းကျင်ခုန်တက်ပြီး ရွှေစျေးနှုန်း ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်
Published 12 May 2021

ပြည်တွင်းရွှေစျေးငါးရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင်ထိခုန်ထက်ပြီး ရွှေစျေးနှုန်း ကျပ် ၁၆၉၀၀၀၀  ဝန်းကျင်ထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၂၁ ခုနှစ် မေ ၁၂ ရက်တွင် ကမ္ဘာ့ ရွှေစျေး ၁၈၃၃ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ငါးရက်အတွင်း ကျပ်နှစ်သိန်း ဝန်းကျင်ထိခုန်တက်ခဲ့ပြီး ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေ ၁၁ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၄၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ လေးရက်အတွင်း ကျပ် တစ်သိန်းဝန်းကျင် ခုန်တက်ခဲ့ပြီး ကျပ် ၁၆၂၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၆ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ သုံးရက်အတွင်း ကျပ်ခြောက်သောင်းကျော်ခုန်တက်ခဲ့ပြီး ကျပ် ၁၅၈၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေ ၈ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၁ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၅၂၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မေ ၁၀ ရက် နေ့လည်ပိုင်း သုံးနာရီခန့်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၆ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ သုံးရက်အတွင်း ကျပ်ခြောက်သောင်းကျော် ခုန်တက်ခဲ့ပြီး ကျပ် ၁၅၈၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ်  ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက် တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၁ လအကြာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၅ ရက်တွင် ကျပ် ၁၃၁၈၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ ဖြင့် ယခင်စံချိန်များကို ကျော်လွန်၍ စံချိန်ထပ် တင်ခဲ့သည်။ ယင်းနောက် ငါးလအကြာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျပ် ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၁၄၁၁၀၀၀ ဖြင့် စံချိန်သစ်ထပ်တင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၅၅၀၀၊ စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀၊  အောက်တိုဘာတွင် ကျပ် ၁၃၀၇၅၀၀-၁၃၁၉၀၀၀၊  နိုဝင်ဘာတွင် ကျပ် ၁၂၆၆၇၀၀-၁၃၁၈၀၀၀၊  ဒီဇင်ဘာတွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၃၀၀၀၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ်  ၁၃၁၆၅၀၀- ၁၃၃၆၀၀၀ ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၈၀၃-၁၉၅၈ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော် အထိရှိခဲ့သည်။

Most Read

Most Recent