နှစ်စဉ် အထူးကုန်စည်ခွန်ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထူးကုန်စည်ခွန် ကျပ် ၁၂၆၆ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ကျပ် ၁၆၂ ဘီလျံကျော် လျော့ကျ

နှစ်စဉ် အထူးကုန်စည်ခွန်ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထူးကုန်စည်ခွန် ကျပ် ၁၂၆၆ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ကျပ် ၁၆၂ ဘီလျံကျော် လျော့ကျ
နှစ်စဉ်အထူးကုန်စည်ခွန်ရငွေ အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ-ဗဟိုစာရင်းအင်းအဖွဲ့)
နှစ်စဉ်အထူးကုန်စည်ခွန်ရငွေ အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ-ဗဟိုစာရင်းအင်းအဖွဲ့)
Published 12 May 2021

နှစ်စဉ် အထူးကုန်စည်ခွန်ရငွေ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထူးကုန်စည်ခွန် ကျပ် ၁၂၆၆ ဘီလျံကျော် ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ၁၆၂ ဘီလျံကျော် လျော့ကျခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက် ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂  ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမ ှမတ်အထိ ကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်တွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန် ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၁၀၁၈၇ သန်းကျော် ရရှိခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ကျပ် ၁၄၆၀၀၀ သန်းကျော် လျော့ကျခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက် ယူနစ်မှ ထုတ်ပြန်ထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန် ရငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်အထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်အထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ အထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်း ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း (၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၉၆၉ ဒသမ ၃၉၇ ဘီလျံ ကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၄၇၃ ဒသမ ၆၈၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၂၂၇ ဒသမ ၉၆၄ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၄၈ ဒသမ ၅၄၁ ဘီလျံ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်မှ ကျပ် ၈၅ ဒသမ ၄၀၇ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၆၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုးမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်  ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီ - စက်တင်ဘာ ကြားကာလတွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆၁ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။

Most Read

Most Recent