ဂျူဗင်တပ်စ်တွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ စီရော်နယ်လ်ဒို ရှိနေမည်ဖြစ်ပြီး ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းတွင် အဆုံးသတ်မည်ဟု သတင်းထွက်     

ဂျူဗင်တပ်စ်တွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ စီရော်နယ်လ်ဒို ရှိနေမည်ဖြစ်ပြီး ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းတွင် အဆုံးသတ်မည်ဟု သတင်းထွက်     
Photo: Getty Images
Photo: Getty Images
Published 6 May 2021

ဂျူဗင်တပ်စ်ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ရှိနေမည်ဖြစ်ပြီး ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းတွင် အဆုံးသတ်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ 

    

အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ၂၀၂၂ ဇွန်လ (၃၀)ရက်တွင်မှ ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု မီဒီယာများကဖော်ပြနေကြသည်။ 

သို့သော် နာမည်ကျော် အီတလီဂျာနယ်လစ်တစ်ဦးဖြစ်သူ ရိုင်မွန်ဒီက စီရော်နယ်လ်ဒိုအနေဖြင့် စာချုပ်သက်တမ်းမကုန်မီ ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်းနှင့် ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းတွင် အဆုံးသတ်မည်ဖြစ်ကြောင်း အီတလီအားကစားရုပ်သံ Mediaset သို့ ပြောကြားခဲ့သည်။ 

"စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲပြီးတာနဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ (၂)နှစ် ကစားပါလိမ့်မယ်။ သူဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၂ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းကထွက်ခွာဖို့ မရှိပါဘူး။ ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို သူ တန်ဖိုးထားပါတယ်။ ဒါကြောင့် လာမယ့်နွေမှာ ရီးယဲလ်တို့၊ မန်ယူတို့ကို ပြန်ပြောင်းမယ်ဆိုတာ မဟုတ်ပါဘူး"ဟု ရိုင်မွန်ဒီက ဆိုခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် စပို့တင်းလစ္စဘွန်းအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂ဝဝ၃ ခုနှစ်တွင် မန်ယူအသင်းသို့ ပေါင်(၁၂.၂၄)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ကစားသမားဘဝမှ အနားမယူမီ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည့် စပို့တင်းလစ္စဘွန်းအသင်းတွင် ကစားရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent