မန်ယူအသင်းတွင် ကာလကြာရှည် ကစားသွားမည်ဟု  ဘာယီ ပြောကြား

မန်ယူအသင်းတွင် ကာလကြာရှည် ကစားသွားမည်ဟု  ဘာယီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 27 April 2021

မန်ယူအသင်းနောက်ခံလူ ဘာယီက စာချုပ်သစ်ချုပ်ဆိုအပြီးတွင် အသင်း၌ ကာလကြာရှည်ကစားသွားလိုကြောင်း အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

ဘာယီသည် အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

    

"စာချုပ်သစ်ချုပ်ဆိုတာဟာ နည်းပြ၊ အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေက ကျွန်တော့်အပေါ် ယုံကြည်မှုဘယ်လောက်ရှိတယ်ဆိုတာ ပြသရာရောက်ပါတယ်။ ဒီအချက်က ကျွန်တော့်အတွက် အလွန်အရေးကြီးတာပါ။  ဒီအသင်းမှာရှိနေဖို့က ကျွန်တော့်အိပ်မက်ပါပဲ။ အခုက မန်ယူအသင်းမှာ ကျွန်တော့်ရဲ့ (၅)ရာသီမြောက်ပါ။ ဒီအသင်းမှာ ကာလကြာရှည်ကစားသွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု  ဘာယီက ပြောကြားခဲ့သည်။ 

ဘာယီသည် ၂၀၁၆ ခုနှစ်တွင် ဗီလာရီးယဲလ်အသင်းမှ မန်ယူအသင်းသို့ ပေါင်သန်း (၃၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ 

၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စာချုပ်ပါ သဘောတူညီချက်အရ (၂)နှစ်သက်တမ်းတိုးမြှင့်ခဲ့သည့်အတွက် ၎င်း၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

၎င်းသည် ဆိုးလ်ရှားလက်ထက် မန်ယူအသင်းတွင် ပုံမှန်နေရာ ရယူနိုင်ခြင်းမရှိသည့်အတွက် အသင်းမှထွက်ခွာရန် ဆန္ဒရှိခဲ့သော်လည်း မန်ယူအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စည်းရုံးနိုင်ခဲ့သည်။ 

မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိနေသည့် ဘာယီ(၂၇ နှစ်)ကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးခဲ့သည့်အပြင် ခြေစွမ်းအပေါ် မူတည်၍ နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မည့်သဘောတူညီချက်လည်း ရယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent