စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်းသို့ ချယ်လ်ဆီးအသင်း ဘတ်စ်ကားဝင်နိုင်ရန် ဆန္ဒပြသူများကို ပီတာချက်ကိုယ်တိုင် တောင်းပန်ခဲ့ရ

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်းသို့ ချယ်လ်ဆီးအသင်း ဘတ်စ်ကားဝင်နိုင်ရန် ဆန္ဒပြသူများကို ပီတာချက်ကိုယ်တိုင် တောင်းပန်ခဲ့ရ
Photo: SPORF
Photo: SPORF
Published 22 April 2021

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ချယ်လ်ဆီး (၀-၀)ဘရိုက်တန်ပွဲမတိုင်မီ ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ချယ်လ်ဆီးအသင်းဘတ်စ်ကား မဝင်ရောက်နိုင်ရန် ချယ်လ်ဆီးပရိသတ်များက ဆန္ဒပြတားဆီးနေကြရာ အသင်း၏ဂန္ထဝင်ဂိုးသမား ပီတာချက်က ပရိသတ်များအကြားဆင်း၍ တောင်းပန်ခဲ့ရကြောင်း သိရှိရသည်။

ဥရောပထိပ်သီး (၁၂)သင်းဖြင့် ဖွဲ့စည်းထားသည့် ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း ပါဝင်ခြင်းကို ချယ်လ်ဆီးအသင်းအားပေးသူ ပရိသတ်များက ဒေါသထွက်နေကြပြီး အသင်းကိုဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအပြင် လမ်းမပေါ်တွင် ချယ်လ်ဆီးပရိသတ်များမှာ ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြခြင်း၊ ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒပြခြင်းများပြုလုပ်ခဲ့ကြပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းပါဝင်ခြင်းအ တွက် ပြစ်တင်ရှုတ်ချသောစာသားများကို ဆိုင်းဘုတ်များတွင်ရေးသားခဲ့ကြသည်။

ချယ်လ်ဆီးပရိသတ်များ၏ပိတ်ဆို့မှုကြောင့် အသင်းကားမှာ ကွင်းအတွင်းဝင်မရဖြစ်နေရာ အသင်းနည်းစနစ်အကြံပေး ပီတာချက်က ကားကို ဝင်ခွင့်ပြုရန် ပရိသတ်များကို တွေ့ဆုံတောင်းပန်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent