နည်းပြလောကသို့ ချက်ချင်းပြန်လည်ဝင်ရောက်ရန် အသင့်ရှိနေသည်ဟုစပါးအသင်းမှ ထုတ်ပယ်ခံထားရသည့် မော်ရင်ဟို ပြောကြား

နည်းပြလောကသို့ ချက်ချင်းပြန်လည်ဝင်ရောက်ရန် အသင့်ရှိနေသည်ဟုစပါးအသင်းမှ ထုတ်ပယ်ခံထားရသည့် မော်ရင်ဟို ပြောကြား
Photo: Reuters
Photo: Reuters
Published 21 April 2021

 

ဧပြီလ ၁၉ ရက်က စပါးအသင်းမှ ထုတ်ပယ်ခံထားရသည့် နာမည်ကျော်နည်းပြ မော်ရင်ဟိုက နည်းပြလောကသို့ ချက်ချင်း ပြန်လည်ဝင်ရောက်ရန် အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် စပါးအသင်း၏လေ့ကျင့်ရေးကွင်းမှ ပစ္စည်းများကို ရာထူးမှထုတ်ပယ်ခံရပြီးနောက် ချက်ချင်းပင် လန်ဒန်အနောက်ပိုင်းရှိနေအိမ်သို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့သည်။ ယင်းသို့သယ်ဆောင်ချိန်တွင် သတင်းမီဒီယာအများအပြား ရောက်ရှိလာပြီး မော်ရင်ဟိုကို လျှပ်တစ်ပြက်မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ 

Sky Sports သတင်းဌာနမှ ထုတ်ပယ်ခံရမှုနှင့်ပတ်သက်ပြီး မမျှတသည်ဟု ခံစားရသလား မေးမြန်းမှုကို မော်ရင်ဟိုက "ကျွန်တော့်အကြောင်း သိမှာပါ။ ကျွန်တော့် အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ ထို့ပြင် မော်ရင်ဟိုက သူ၏အနာဂတ်အကြောင်းကိုမူ ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။ မီဒီယာက အနားယူခရီးထွက်ရန် အစီ အစဉ်ရှိသလားဟု မေးမြန်းမှုကို မော်ရင်ဟိုက "မလိုအပ်ပါဘူး။ အနားယူဖို့၊ ဒါမှမဟုတ် အင်အားတွေ ပြန်ဖြည့်တင်းဖို့ အနားယူဖို့ မလိုအပ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘောလုံး လောကမှာပဲ အမြဲတမ်းရှိနေမှာပါ"ဟု ပြောကြားခဲ့သည်။ 

အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် မော်ရင်ဟိုသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီး လေးနှစ် စာချုပ် ချုပ်ဆိုထားခဲ့သည်။ သို့သော် ယခုရာသီတွင် လိဂ်ဖလားဗိုလ်လုပွဲ တက်ရောက်ထားသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် ရုန်းကန်နေရသလို ယူရိုပါလိဂ်တွင်လည်း ထွက်ခဲ့ရသဖြင့် နည်းပြသက်တမ်း ၁၇ လအကြာမှာပင် ထုတ်ပယ်ခံခဲ့ရသည်။

Most Read

Most Recent