လီဗန်တေး - ဆီဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် ည ၁၁:၃၀ နာရီ)
လီဗန်တေးဟာ ဒီရာသီမှာ အသင်းကြီးတွေကို ဒုက္ခလိုက်ပေးနေတဲ့အသင်းမျိုးအဖြစ် တွေ့နေရလို့ အိမ်ကွင်းရလဒ်ပိုင်း သိပ်အကောင်းကြီးမဟုတ်လှပေမဲ့ ထိပ်ပိုင်းကအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အိမ်ကွင်းကစားပုံ တိုးတက်လာလေ့ရှိတယ်။ ဆီဗီလာကလည်း အခုတလော ထိန်းထိန်းသိမ်းသိမ်းနဲ့ ပိုကစားပြလာပြီး အမှတ်ဆုံးရှုံးမှုနည်းအောင်လည်း ကစားပြလာနိုင်တယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။
အိုဆာဆူနာ - ဗလင်စီယာ (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် ည ၁၁:၃၀ နာရီ)
(၂)သင်းစလုံးရဲ့ လက်ရှိအနေအထားက ဇယားအလယ်မှာ ဟိုမရောက်၊ ဒီမရောက်နဲ့ဆိုတော့ နှစ်သင်းစလုံး ပုံမှန်လောက်ပဲ ထိန်းထိန်းသိမ်းသိမ်းကစားသွားဖို့များနေတယ်။ ဒါပေမဲ့ ဒီ(၂) သင်းမှာ အိုဆာဆူနာက အိမ်ကွင်းကစားပုံမဆိုးလှသလောက် ဗလင်စီယာကတော့ အဝေးကွင်းမှာ ရုန်းကန်နေရချိန်မျိုးဖြစ်နေလို့ အိမ်ရှင် အိုဆာဆူနာကိုပဲ ဦးစားပေးရွေးထားရမယ့်ပွဲမျိုးလို့ ထင်တယ်။ ဂိုးလည်း များသွားနိုင်တယ်။
ဘက်တစ် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၀၀:၃၀ နာရီ)
ဘက်တစ်ကတော့ ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာ သေချာအောင် ကစားမှာပါ။ အိမ်ကွင်းကစားပုံကလည်း စိတ်ချရသလောက်ဖြစ်နေပြီဆိုတော့ ဘီလ်ဘာအို မလွယ်လောက်ဘူးထင်တယ်။ ဘီလ်ဘာအိုက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ (၂)ပွဲစလုံး ရှုံးနိမ့်ပြီး စိတ်ပိုင်းဆိုင်ရာလည်း ဖိအားရှိနေနိုင်တယ်။ ပြီးတော့ လာလီဂါဘက်ကိုလည်း အနည်းငယ်လျော့သွားသလိုပါပဲ။ ဘက်တစ်ကိုပဲ ပိုကြိုက်နေမိတယ်။ ဂိုးနည်းမယ်။
အလာဗတ်စ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၃၀ နာရီ)
ဗီလာရီးယဲလ်ပုံစံက လာလီဂါမှာ ထိန်းကစားရင်း ယူရိုပါလိဂ်ဘက်ကို ပိုအာရုံစိုက်နေတဲ့ပုံပေါ်နေတယ်။ ဒါကြောင့် လာလီဂါဘက်မှာ အထူးသဖြင့် အဝေးကွင်းကစားပုံ ပုံမှန်မဟုတ်ဘူး။ အတက်အကျ များနေတယ်။ အလာဗတ်စ်ကတော့ တန်းဆင်းဇုန်က အလွတ်ရုန်းနေရချိန်ဖြစ်လို့ ဗီလာရီးယဲလ်ထက် အမှတ်လိုချင်စိတ် ပိုပြင်းထန်နေနိုင်ပြီး အိမ်ကွင်းလည်းဖြစ်လို့ တွန်း အားလည်းပိုရှိနေတယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပါပဲ။
အယ်လ်ချီ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၃၀ နာရီ)
(၂)သင်းစလုံး တန်းမဆင်းရရေး ခြေကုန်ထုတ်ရမယ့်အချိန် အမှားမခံတဲ့ပွဲမျိုးပါပဲ။ အယ်လ်ချီက အိမ်ကွင်းကစားအား မဆိုးလှပေမဲ့ တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းပုံမှန်မရှိတာက အားနည်း မှုလိုဖြစ်နေတယ်။ ဂိုးနည်းသရေပွဲနဲ့ အဆုံးသတ်ဖို့များနေတယ်။
ကာဒစ်ဇ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)
ချန်ပီယံလိဂ်နဲ့ လာလီဂါပြိုင်ပွဲ (၂)ခုစလုံးမှာ အလားအလာကောင်းနေတဲ့ ရီးယဲလ်ရဲ့ပန်းအဝင်အားထုတ်မှုနဲ့ ခြေစွမ်းက အားရစရာလို့ ပြောနိုင်တယ်။ အထူးသဖြင့် ဇီဒန်းရဲ့ အသင်းကို အမှားနည်းအောင်ပြင်ဆင်ထားနိုင်မှုနဲ့ ဒဏ်ရာရသူတွေရှိတဲ့ ကြားမှာပဲ ကျန်ကစားသမားတွေရဲ့ ကြိုးစားမှုတွေက အသင်းအတွက် အားတက်စရာ၊ မျှော်လင့်စရာတွေ ယူဆောင်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် ကာဒစ်ဇ်က ရီးယဲလ်အတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်လို့ ရီးယဲလ် ခြေလှမ်းမမှားအောင် သတိထားရလိမ့်မယ်။ ကာဒစ်ဇ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး (၂)ကြိမ်စလုံး ရီးယဲလ် အရေးနိမ့်ထားတဲ့အပြင် အဲဒီ (၂)ပွဲစလုံး သွင်းဂိုးတောင်မရခဲ့တာကိုကြည့်ရင် ကာဒစ်ဇ်ဟာ ရီးယဲလ်ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့အသင်းမျိုးလို့ ပြောနိုင်တယ်။ ဒီပွဲက (၂)သင်းစလုံးရဲ့ အသင်းလိုက်ကစားအားချင်း အားပြိုင်မယ့်ပွဲမျိုးဖြစ်နေပြီး ဂိုးနည်းသရေပွဲဆီ ဦးတည်နေတယ်လို့ထင်တယ်။















