သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ

သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ
Published 19 April 2021

သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်းသည် ရန်ကုန်လေဆိပ်၌ ဧပြီ ၁၉ ရက်တွင် ဖမ်းဆီးခံရကြောင်း တူဖြစ်သူက ၎င်း၏လူမှုကွန်ရက် Facebook တွင် ရေးသားထားမှုအရ သိရသည်။

သရုပ်ဆောင် မျိုးသန္တာထွန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) စာရင်းတွင် လက်ရှိအချိန်အထိ ကြေညာခံထားရခြင်း မရှိသူဖြစ်သည်။

၎င်းအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်းနှင့် မည်သည့် ပုဒ်မဖြင့် ဖမ်းဆီးခြင်းကို  စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ သရုပ်ဆောင် ဇာဏ်ခီနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီ တို့မှာလည်း ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည်။

သရုပ်ဆောင် အနုပညာရှင်အများအပြားမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး အချို့မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။ မော်ဒယ် ပိုင်တံခွန်၊ အဆိုတော် ပိုပို၊ သရုပ်ဆောင် ဇာဂနာ၊ သရုပ်ဆောင် ဇင်ဝိုင်း၊ သရုပ်ဆောင် ပြေတီဦးနှင့်ဇနီး အိန္ဒြာကျော်ဇင် စသူတို့မှာ လက်ရှိတွင် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။

Most Read

Most Recent