မန်စီးတီးနှင့်ပွဲတွင် မတ်ဒီဆန် ပါဝင်ကစားနိုင်မည်ဟု ဘရန်ဒန်ရော်ဂျာ အတည်ပြု     

မန်စီးတီးနှင့်ပွဲတွင် မတ်ဒီဆန် ပါဝင်ကစားနိုင်မည်ဟု ဘရန်ဒန်ရော်ဂျာ အတည်ပြု     
Photo: Getty Images
Photo: Getty Images
Published 2 April 2021

လက်စတာအသင်း၏နည်းပြ ဘရန်ဒန်ရော်ဂျာက မန်စီးတီးနှင့်ပွဲတွင် ကွင်းလယ်ကစားသမား မတ်ဒီဆန် ပါဝင်ကစားနိုင်မည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား မတ်ဒီဆန်သည် ဖေဖော်ဝါရီ (၂၁)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အက်စတွန်ဗီလာ (၁-၂) လက်စတာပွဲတွင် တင်ပါးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၆၄)မိနစ်တွင် မန်ဒီနှင့် လူစားလဲခဲ့ရသည်။ 

မတ်ဒီဆန်သည် အဆိုပါဒဏ်ရာကြောင့် ယင်းကတည်းက အနားယူနေရခဲ့ရပြီး အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၃)ပွဲစလုံးကို လွဲချော်ခဲ့ရသည်။ 

သို့သော် ယခုအခါ မတ်ဒီဆန်အနေဖြင့် လက်စတာအသင်းနှင့်အတူ လေ့ကျင့်မှု ပြန်လုပ်နိုင်ပြီဖြစ်ပြီး မန်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဟု ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘရန်ဒန်ရော်ဂျာက "အသင်းအတွက် သတင်းကောင်းပါပဲ။ မတ်ဒီဆန်အနေနဲ့ (၁၀၀)ရာခိုင်နှုန်း ကြံ့ခိုင်မှုမပြည့်ဝသေးပေမဲ့ မန်စီးတီးပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေပါပြီ။ သူ့အနေနဲ့ ရာသီကုန်အထိ ကြံ့ခိုင်မှုအပြည့် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မတ်ဒီဆန်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၁၁)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent