လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်မှ စီရော်နယ်လ်ဒို ထွက်ခွာမည်မဟုတ်ဟု မိုရာတာ ဆို

လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်မှ စီရော်နယ်လ်ဒို ထွက်ခွာမည်မဟုတ်ဟု မိုရာတာ ဆို
Photo: Getty Images
Photo: Getty Images
Published 28 March 2021

 

ဂျူဗင်တပ်စ်တိုက်စစ်မှူး မိုရာတာက အသင်းဖော် စီရော်နယ်လ်ဒိုအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာမည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။ 

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှ ဂျူဗင်တပ်စ်အသင်း ထွက်ခွာခဲ့ရပြီးနောက် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်းရီးယဲလ်သို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်ပေါ် နေသည်။ သို့သော် မိုရာတာက စီရော်နယ်လ်ဒိုအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရလို့ ဂျူဗင်တပ်စ်အသင်းကနေ စီရော်နယ်လ်ဒို ထွက်ခွာမယ်လို့ မထင်ပါဘူး။ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို အကြိမ်များစွာရယူခဲ့သူပါ။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကတော့ ချန်ပီယံလိဂ်နဲ့ ကံမစပ်သေးပါဘူး။ သူ ရီးယဲလ်အသင်းကို ပြန်မလားဆိုတဲ့ မေးခွန်းတွေ ထွက်နေပါတယ်။ ဒါတွေက ဘောလုံးလောကမှာ ပြောနေကျအကြောင်းအရာတွေပါပဲ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent