ဆန္ဒပြမှုများအား ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရှိမှု အများအပြားရှိခဲ့သည့်အပေါ် အမေရိကန်၊ ယူကေ အပါအဝင် သံရုံးအချို့၏  ဖေ့ဘွတ်ခ်ကာဗာဖိုတိုများ အနက်ရောင်ပြောင်းလဲ

ဆန္ဒပြမှုများအား ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရှိမှု အများအပြားရှိခဲ့သည့်အပေါ် အမေရိကန်၊ ယူကေ အပါအဝင် သံရုံးအချို့၏  ဖေ့ဘွတ်ခ်ကာဗာဖိုတိုများ အနက်ရောင်ပြောင်းလဲ
Published 4 March 2021

မတ် ၃ ရက်တွင် ဆန္ဒထုတ်ဖော်သူများအား တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်ဖြိုခွဲမှုတွင် သေဆုံးမှုနှင့် ဒဏ်ရာရမှု အများအပြားရှိခဲ့ပြီးနောက် အမေရိကန်၊ ယူကေ အပါအဝင် သံရုံးအချို့၏ ဖေ့ဘွတ်ခ်ကာဗာဖိုတိုများ အနက်ရောင် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ 

မတ် ၃ ရက်က ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကရင် စသည့် ဒေသများတွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲခဲ့ရာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာမှုသည် ယခင်ရက်များထက် ပိုမိုများပြားခဲ့ကြောင်း သတင်းများအရ သိရသည်။ 

အဆိုပါ ဖြစ်စဉ်များအပြီး မတ် ၃ ရက် ညပိုင်းတွင် သံရုံးများ၏ ဖေ့ဘွတ်ခ်ကာဗာဖိုတိုများ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ 

မတ် ၃ ရက် ညပိုင်းအထိတွေ့ရှိမှုအရ အမေရိကန်၊ ယူကေ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ ဒိန်းမတ်၊  ဖင်လန်၊  နယ်သာလန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဆွီဒင်နှင့် စပိန်နိုင်ငံသံရုံးများ၏ ဖေ့ဘွတ်ခ်ကာဗာဖိုတိုများ အနက်ရောင် ပြောင်းလဲမှု ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးကလည်း ၎င်းတို့၏ ဖေ့ဘွတ်ခ်ကာဗာဖိုတိုကို အနက်ရောင် ပြောင်းလဲမှုအား မတ် ၃ ရက် ည ၁၀ နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့သည်။ 

လက်ရှိ ဆန္ဒပြပွဲများတွင် ပြည်သူများ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများအပေါ် ကန့်ကွက်ရှုတ်ချသည့် ကြေညာချက်များကို ပြီးခဲ့သည့် ရက်များတွင် သံရုံးများက ထုတ်ပြန်ထားသည်။ 

Most Read

Most Recent