မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးသစ် ပြုလုပ်ရန် ဗြိတိန် တောင်းဆို

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးသစ် ပြုလုပ်ရန် ဗြိတိန် တောင်းဆို
Published 3 March 2021
Ref: AFP

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွင်းမှုများ ပိုမိုမြင့်တက်နေချိန်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး မတ်လ ၅ ရက်၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအသစ် ပြုလုပ်ပေးရန် ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့သည်ဟု သံတမန်သတင်းအရင်းအမြစ်များက အေအက်ဖ်ပီသို့ မတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရ၏ အဆိုပြုချက်အရ မတ် လ ၅ ရက် ဂရင်းနစ်စံတော်ချိန် ၁၅ နာရီတွင် လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲအသစ် ပြုလုပ်ရန်ဖော်ပြထားသည်ဟု ယင်းသတင်းအမြစ်များ၏ အဆိုအရ သိရသည်။

လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများကို အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးခံထားရသူများကို ချက်ချင်းလွှတ်ရန် မူကြမ်း ကြေညာချက်တွင် တောင်းဆိုခဲ့သည်။

မတ်လ ၁ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့သည် လုံခြုံရေးကောင်စီတွင် မြန်မာအရေးဆွေးနွေးရန် လိုလားမှုမရှိသည့် ပုံစံပြသခဲ့ပြီး ယင်းသည် ကောင်စီဝင်များကြား ဘုံသဘောတူညီချက်ဖြစ်ကာ မကြာမီအချိန်အတွင်း မြန်မာအရေးနှင့်ပတ်သက်ပြီး အစည်းအဝေးတစ်ခု ဖြစ်လာလိမ့်မည်ဟု အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

Most Read

Most Recent