လက်စတာအသင်းအတွက် ခြေစွမ်းပြနေသူ ဟာဗေးဘန်းစ် ဒူးဒဏ်ရာကြောင့်ခြောက်ပတ်ခန့် အနားယူရမည်

လက်စတာအသင်းအတွက် ခြေစွမ်းပြနေသူ ဟာဗေးဘန်းစ် ဒူးဒဏ်ရာကြောင့်ခြောက်ပတ်ခန့် အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 3 March 2021

 

လက်စတာအသင်းအတွက် ခြေစွမ်းပြ ကစားနေသည့် တောင်ပံကစားသမား ဟာဗေးဘန်းစ်သည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ခြောက်ပတ်ခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။

ဟာဗေးဘန်းစ် (၂၃ နှစ်) သည် တနင်္ဂနွေနေ့က အာဆင်နယ်အသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။ ၎င်း၏ဒဏ်ရာမှာ ခွဲစိတ်ကုသရန် လိုအပ်သောကြောင့် အနည်းဆုံး ခြောက်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက အတည်ပြုပြောကြားခဲ့သည်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ ဟာဗေးဘန်းစ်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းယူကာ လေးဂိုးဖန်တီးပေးထားသည်။

Most Read

Most Recent