ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 27 February 2021

ဘိုင်ယန်မြူးနစ် - ကိုလုံး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

အမှတ်ပေးဇယားမှာ လိုက်ပ်ဇစ်အသင်း နောက်ကဖိအားလိုက်ပေးလာလို့ ဘိုင်ယန်အနေနဲ့ အခုပွဲကို ထပ်အတိမ်းအစောင်းခံလို့ မရတော့ဘူး။ လိုက်ပ်ဇစ်က အခုတစ်ပတ်မှာ ပွဲကျပ်ကစားရဖို့ရှိနေတာကြောင့် ဘိုင်ယန်အနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဘိုင်ယန်တိုက်စစ်မှာ လီဝန်ဒေါစကီးက ပုံမှန်ဂိုးသွင်းပေးနေဆဲဖြစ်ပေမဲ့ တွဲဖက်တွေရဲ့ဂိုးသွင်းနှုန်းက ကျဆင်းနေတဲ့အနေအထားပါ။ ကိုလုံးကတော့ အနိုင်ရတဲ့ပွဲတွေကလွဲလို့ ကျန်ပွဲတွေမှာ သွင်းဂိုး လုံးဝပျောက်ဆုံးနေတာက အတော်လေးထူးခြားနေတယ်။ ဘိုင်ယန် ဂိုးပြတ်သွင်းလိမ့်မယ်။

 

ဒေါ့မွန် - အာမိုးနီးယား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် ည ၉:၀၀ နာရီ)

ဒေါ့မွန်အသင်းက အခုပွဲပြီးရင် မိုချန်အသင်းနဲ့ ဂျာမန်ဖလားပွဲကျပ်ကစားဖို့ရှိနေလို့ အာရုံများနေနိုင်တဲ့ အနေအထားပါ။ အာမီးနီးယားကလည်း နောက်ဆုံး(၄)ပွဲမှာ ဘိုင်ယန်ကို သရေခံကစားထားတဲ့ပွဲကလွဲလို့ ကျန်ပွဲတွေမှာတော့ ဂိုးပြတ်ရှုံးထားတာကြောင့် ဖျက်မြင်းလုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဟော်လန်း ဂိုးပြန်မြူးနေတဲ့ ဒေါ့မွန်ကိုပဲ ရွေးချင်တယ်။

 

ဝုလ်ဖ်ဘတ် - ဟာသာဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

အရင်ရာသီတွေက နှစ်သင်းအကြား ခြားနားချက်နည်းပေမဲ့ လက်ရှိမှာတော့ အခြေအနေချင်း အတော်ကွာဟနေပါတယ်။ ဝုလ်ဖ်ဘတ် နိုင်ပွဲဆက်ဦးမယ်။



စတုဂတ် - ရှော်လ်ကေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

စတုဂတ်အသင်းက အိမ်ကွင်းမာကျောမှုရှိပြီး နောက်ဆုံး (၉)ပွဲမှာ ဘိုင်ယန်နဲ့ လိုက်ပ်ဇစ်ကိုပဲ အရေးနိမ့်ထားခဲ့တယ်။ ဒါပေမဲ့ ရှော်လ်ကေး အခုပွဲတော့ ဂိုးပြတ်မရှုံးလောက်ဘူး။

 

လိုက်ပ်ဇစ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၁၂:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက နိုင်ပွဲဆက်နေမှုနဲ့အတူ ဘိုင်ယန် အသင်းရဲ့ထိပ်ဆုံးနေရာကိုပါ ခြိမ်းခြောက်လာနိုင်တယ်။ ဒီပွဲပြီးရင် ရလဒ်ကောင်းနေတဲ့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ဂျာမန်ဖလားပွဲ ကစားဖို့ရှိပေမဲ့ ဘွန်ဒစ်လီဂါဘက်ကိုပဲ ပိုအားထည့်ကစားနိုင်တာ သတိပြုရမယ်။ မိုချန်ကတော့ ကြားရက်မှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားထားရပြီး ဘွန်ဒစ်လီဂါမှာလည်း ရလဒ်တွေပြန်ကျဆင်းနေတာ တွေ့ရတယ်။ နားရက်ပိုရထားတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ကစားသမားပိုင်းက ပိုယုံကြည်မှုရှိနေပြီး ဘိုင်ယန်နဲ့ အမှတ်ပြန်မကွာသွားဖို့ ကြိုးစားကစားလိမ့်မယ်။ လိုက်ပ်ဇစ်ပဲ အနိုင်ရဖို့များတယ်။

Most Read

Most Recent