စပီဇီယာ - ပါးမား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၈:၃၀ နာရီ)
ရှုံးပွဲဆက်နေတာကို ပါးမား ရပ်တန့်နိုင်ပေမဲ့ ခံစစ်ကစားပုံဆိုးရွားတာ မရပ်တန့်နိုင်သေးဘူး။ နောက်ဆုံးကစားတဲ့ အူဒီးနီးစ်နဲ့ပွဲမှာ (၂)ဂိုးပြတ်ဦးဆောင်ထားပေမဲ့ ခံစစ်စွမ်းဆောင်ရည်ကြောင့်ပဲ အမှတ်တွေလေလွင့်ခဲ့ပြန်တယ်။ စပီဇီယာက မှန်းဆရခက်ပေမဲ့ ပါးမားဆီကနေ အမှတ်ရအောင် ယူပါလိမ့်မယ်။
ဘိုလော့ဂ်နာ - လာဇီယို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၁၁:၃၀ နာရီ)
ဘိုလော့ဂ်နာက တန်းဆင်းဇုန်နဲ့ဝေးသထက်ဝေးအောင် ရုန်းကန်နေပြီး အိမ်ကွင်းမှာ ပိုပြီးအာရုံစိုက်ကစားတတ်ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းမယ့်သူမရှိဘဲ ဘာရိုးရဲ့ခြေစွမ်းအပေါ်မူတည်ပြီး ရလဒ်တွေကွဲပြားနေတယ်။ လာဇီယိုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဦးစားပေးကစားရပါတော့မယ်။ စီးရီးအေကို ပိုပြီးအာရုံစိုက်ရမယ့်အချိန်လည်း ရောက်နေပါပြီ။ ဒါပေမဲ့ ဘိုလော့ဂ်နာကွင်းမှာ အမှတ်လျော့သွားနိုင်တယ်။
ဗီရိုနာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၂:၁၅ နာရီ)
ဗီရိုနာက အစဉ်အလာအရ ဂျူဗင်တပ်စ်ကို ဒုက္ခပေးနိုင်ပါတယ်။ ပထမအကျော့တုန်းကလည်း ဂျူဗင်တပ်စ်ကွင်းမှာ သရေကစားနိုင်လို့ အခုပွဲမှာလည်း သိပ်ပြီးထိတ်လန့်နေမယ် မထင်ဘူး။ ဗီရိုနာရဲ့ အိမ်ကွင်းနောက်ဆုံး (၅)ပွဲမှာ ပွဲကျပ်တွေရင်ဆိုင်ရပေမဲ့ နာပိုလီကို အနိုင်၊ အင်တာမီလန်ကို ကပ်ရှုံးထားတဲ့ခြေစွမ်းအရ ဂျူဗင်တပ်စ်ကိုလည်း အခက်တွေ့စေပါလိမ့်မယ်။ ဂျူဗင်တပ်စ် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။















