လာမည့်ပွဲအနည်းငယ်အတွင်းဥရောပဝင်ခွင့် မျှော်လင့်ချက်အတွက် အဖြေထွက်ပေါ်မည်ဟုအာတီတာ သုံးသပ်

လာမည့်ပွဲအနည်းငယ်အတွင်းဥရောပဝင်ခွင့် မျှော်လင့်ချက်အတွက် အဖြေထွက်ပေါ်မည်ဟုအာတီတာ သုံးသပ်
Photos : Getty Images
Photos : Getty Images
Published 21 February 2021

အာဆင်နယ်အသင်းနည်းပြ အာတီတာ က မိမိအသင်း၏ ယခုရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်အတွက် လာမည့်ပွဲအနည်းငယ်အတွင်း အဖြေထွက်ပေါ်မည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပွဲစဉ် ၂၄ အပြီးတွင် ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၁၀ နေရာရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာနှင့် ရှစ်မှတ်၊ ယူရိုပါလိဂ်ဝင် ခွင့် အဆင့် ၆ နေရာနှင့် ခြောက်မှတ်ကွာဟနေသည်။ အာဆင်နယ်အသင်းအနေဖြင့် ယနေ့တွင် ပြိုင်ပွဲစုံ ၁၇ ပွဲဆက်တိုက် အနိုင်ရထားသည့် မန်စီးတီးအသင်းနှင့်  အိမ်ကွင်းပွဲကစားရမည်ဖြစ်ရာ အာတီတာက ယင်းကဲ့သို့ သုံးသပ်ပြောကြားခြင်းဖြစ်သည်။ 

"ကျွန်တော်တို့အနေနဲ့ အပေါ်ဘက်ကအသင်းတွေနဲ့ ကွာဟမှုကို မလျှော့ချနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ရာသီက အဖြေထွက် သွားပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ သာ ပိုပြီးနီးကပ်အောင် လုပ်နိုင်မယ်ဆိုရင် တော့ အရှိန်အဟုန်ကောင်းတစ်ခုဖြစ်လာစေမှာပါ။ ရာသီတစ်ခုအတွက် အမှားခံနိုင်တဲ့ အခြေအနေက အနည်းဆုံးကို ရောက်လာပြီဆိုတာ ကျွန်တော်တို့သိပါတယ်။ ပြီးခဲ့တဲ့လ တွေမှာ အမှားတွေကျူးလွန်ခဲ့တာကြောင့် အခုကစပြီး ပြင်ဆင်နိုင်ဖို့ လိုနေပါပြီ။ စီးတီး ကတော့ အခုလောလောဆယ်မှာ ဥရောပရဲ့ အကောင်းဆုံးအသင်းပဲလို့ ကျွန်တော်ထင်တယ်။ သူတို့ပြသနေတဲ့ စွမ်းဆောင်ရည်၊ ကစားနေတဲ့ပုံစံနဲ့ တည်ငြိမ်တဲ့ရလဒ်တွေက ဒီအချက်ကို ညွှန်းဆိုနေပါတယ်" ဟု အာတီတာက ဆိုသည်။

Most Read

Most Recent