ကမ္ဘာ့ရေနံစျေး တစ်စည် ဒေါ်လာ ၆၀ ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၁၇ ရက်အတွင်း တစ်လီတာ ၁၀၅ ကျပ် မြင့်တက်လာ

ကမ္ဘာ့ရေနံစျေး တစ်စည် ဒေါ်လာ ၆၀ ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၁၇ ရက်အတွင်း တစ်လီတာ ၁၀၅ ကျပ် မြင့်တက်လာ
Published 17 February 2021

ကမ္ဘာ့ရေနံစျေး (WTI) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်စည် ၆၀ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၁၇ ရက်အတွင်း တစ်လီတာ ၁၀၅ ကျပ်စီ ဆက်လက်မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ဖေဖော်ဝါရီ ၁၇ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာ ၁၀၅ ကျပ်စီ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၈၀၀ ကျပ် (တစ်ဂါလန် ၃၅၂၃ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၈၁၀  ကျပ် (တစ်ဂါလန်  ၃၅၆၈ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၆၀ ကျပ် (တစ်ဂါလန် ၃၃၄၁ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၈၇၀ ကျပ် (တစ်ဂါလန် ၃၈၄၁ ကျပ်) ဖြစ်သည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ ရှိခဲ့သည်။ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့နောက် ပြန်တက်ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ၄၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁၇ ရက်တွင် ၆၀ ဒေါ်လာအထက်အထိ ဆက်လက်မြင့်တက်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ မေလအထိ ကမ္ဘာ့ရေနံစျေးထိုးဆင်းမှုကြောင့် ပြည်တွင်းစျေးကွက်လည်း စက်သုံးဆီစျေးများ လိုက်ပါကျဆင်းခဲ့ပြီး မေ ၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ်တစ်လီတာ ၄၄၅ ကျပ် (တစ်ဂါလန် ၂၀၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၀၀ ကျပ် (တစ်ဂါလန် ၁၃၆၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်) ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံးဆီစျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ် ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာ ကျပ် ၁၀ ပြန်လည် မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၂၀၊  စက်တင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ကျပ် ၃၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း တစ်လီတာ ကျပ် ၁၆၀ စီ၊ ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ တစ်လီတာ ကျပ် ၁၀၅ ကျပ်စီ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent