အသင်းရလဒ်များ ကျဆင်းနေမှုနှင့် မိခင်ဖြစ်သူ နာရေးကိစ္စကြောင့်အနားယူရန်မလိုဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် အတည်ပြု

အသင်းရလဒ်များ ကျဆင်းနေမှုနှင့် မိခင်ဖြစ်သူ နာရေးကိစ္စကြောင့်အနားယူရန်မလိုဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် အတည်ပြု
Photo: AFP
Photo: AFP
Published 17 February 2021

 

အသင်း၏လတ်တလောရလဒ်ပိုင်း ကျဆင်းနေမှုနှင့် မိခင်ဖြစ်သူ၏ နာရေးကိစ္စများကြောင့် မိမိအနေဖြင့် အနားယူရန်မလိုအပ်ကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လက်စတာအသင်းအား (၁-၃)ဂိုး ဖြင့် အရေးနိမ့်ပြီးနောက် ကလော့ပ်အနေဖြင့် ကလပ်အသင်းနှင့် ငါးနှစ်ကြာလက်တွဲမှုကို  အဆုံးသတ်တော့မည်ဖြစ်ကြောင်း လူမှုကွန် ရက်များတွင် ပျံ့နှံ့ခဲ့သည်။ လီဗာပူးလ်အသင်း ပရိသတ်များသည် ဖေဖော်ဝါရီ ၁၄ ရက်က ကလော့ပ်ကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် " Jurgen Klopp ,YNWA" စသည့်စာသားများ ရေးသားကာ အန်ဖီးလ် ကွင်းပြင်ပတွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

"ကျွန်တော့်ကို ထောက်ခံနေကြတာကိုရော၊ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေတာကိုရော ကျွန်တော် ကြားသိပါတယ်။ ကျွန်တော့်အတွက် အထူးတလည်ထောက်ခံ အားပေးမှုတွေ မလိုအပ်ပါဘူး။  ကောလာဟ လတွေ ထပ်ထွက်လာတာလား။ ရာထူးက အထုတ်ခံရတာ သို့မဟုတ် ကျွန်တော်ကိုယ် တိုင် နုတ်ထွက်တာတွေ မလွဲမသွေရှိလာမှာပါ။ အခုတော့ မဖြစ်နိုင်သေးသလို၊ ကျွန်တော် လည်း အနားယူဖို့ မလိုအပ်ပါဘူး။ ကျွန်တော့် မှာ စွမ်းအင်အပြည့်ရှိပါတယ်။ ဒါ အရိုးသားဆုံးပြောတာပါ။ စိန်ခေါ်မှုတွေကိုလည်း ကျွန်တော် စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ"ဟု ယာဂန် ကလော့ပ်က ပြောကြားခဲ့သည်။ 

ကလော့ပ် ၏နေရာတွင်အစားထိုးရန် လက်ထောက် နည်းပြဖြစ်သူ လင်ဒါက ရေပန်းအစားဆုံးဖြစ်နေပြီး အသင်းကွင်းလယ်လူဟောင်းများဖြစ် သည့် ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်နှင့် ဆီဂန်ဒါကလပ် ဆိုစီဒက် B အသင်းနည်းပြ  အလွန်ဆိုတို့မှာ ဒုတိယနှင့် တတိယ ရေပန်း အစားဆုံးဖြစ်နေသည်။ လီဗာပူးလ်အသင်း၏ တိုက်စစ်ကစား သမား ဆာလာကလည်း မိမိတို့သည် ပရီးမီး ယားလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းဖြစ် သောကြောင့် ချန်ပီယံအသင်းပီသစွာ တိုက်ပွဲ ဝင်သွားမည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မနေ့ကကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို ဆာလာ၊မာနေ တို့၏သွင်းဂိုးများဖြင့် ၂ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent