၂၀၁၉ ခုနှစ်ကကျင်းပခဲ့တဲ့ အကြိမ် (၃၀) မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ 9 Ball ကစား နည်းမှာ အားတီဟာ အောင်မိုးသူနဲ့တွဲပြီးတော့ နှစ် ယောက်တွဲ ရွှေတံဆိပ်တစ်ခုကို ရယူပေးခဲ့သလို၊ တစ်ဦးချင်းပွဲစဉ်မှာလည်း ဗိုလ်လုပွဲကို ရောက်နေ ပြီမို့ ရွှေတံဆိပ် ထပ်မံရယူပေးနိုင်မလားဆိုတာ မြန်မာတွေအတွက် အင်မတန်ကျယ်လောင်တဲ့ ရင်ခုန်သံတွေ ဖြစ်နေခဲ့ပါတယ်။
ဆီးဂိမ်းစ်ပြိုင်ပွဲကလည်း နောက်ဆုံးနေ့ ရောက်နေပါပြီ။ မြန်မာအားကစားအဖွဲ့ရဲ့ နောက် ဆုံးအနေနဲ့ ရွှေတံဆိပ်မျှော်လင့်ချက်ကလည်း အားတီဆီကပဲ မျှော်လင့်စရာကျန်တော့တယ်။
ဒီရွှေက မြန်မာအတွက် ဂုဏ်သိက္ခာနဲ့ ထပ်တူအချိုးကျတဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေ ဆိုလည်း မမှားဘူး။ ပြိုင်ပွဲက ပြီးတော့မယ်။ ရွှေတံဆိပ်က (၃)ခုသာရသေးတော့ ကမ္ဘောဒီး ယားနိုင်ငံက ရွှေ(၄)ခုနဲ့ မြန်မာရဲ့အထက် အ ဆင့် (၇) မှာ ရပ်တည်နေတာ။ မြန်မာက ရွှေ(၃) ခုနဲ့ အဆင့် (၈)။ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဗိုလ်လုပွဲကနေ အားတီသာ ရွှေယူပေးနိုင်ရင် ရွှေ တံဆိပ် (၄)ခုချင်းတူပေမဲ့ ငွေတံဆိပ်မှာသာနေတဲ့ မြန်မာက ကိုယ့်ရဲ့မူလနေရာ အဆင့် (၇)ကို ပြန် ယူနိုင်မှာဖြစ်တယ်။ ဒါကြောင့် ဗိုလ်လုပွဲမှာ အား တီ အနိုင်ရပြီး ရွှေတံဆိပ်ရရှိဖို့က သိပ်ကိုအရေး ကြီးနေတာပါ။
အားတီဆီက ရလိုက်တဲ့ မြန်မာ့အားကစားသင်ခန်းစာများ (၆)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
18 hours ago















