ဥရောပထိပ်သီးလိဂ်(၅)ခု၌ နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်(၁၀)ခုတွင် အသားတင်အသုံးစရိတ် အများဆုံးအဖြစ် မန်ချက်စတာနှစ်သင်း ရပ်တည်ခဲ့

ဥရောပထိပ်သီးလိဂ်(၅)ခု၌ နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်(၁၀)ခုတွင် အသားတင်အသုံးစရိတ် အများဆုံးအဖြစ် မန်ချက်စတာနှစ်သင်း ရပ်တည်ခဲ့
Photo: Getty Images
Photo: Getty Images
Published 9 February 2021

မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် မန်ယူတို့သည် ဥရောပထိပ်သီးလိဂ်(၅)ခု၌ နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်(၁၀)ခုတွင် အသားတင်အသုံးစရိတ်အ များဆုံးအသင်းများအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

    

မန်ချက်စတာနှစ်သင်းသည် ကစားသမားခေါ်ယူမှုအတွက် ငွေကြေးများစွာ သုံးစွဲခဲ့ရုံသာမက ကစားသမားရောင်းချရာမှ ငွေကြေး ပြန်လည်ရရှိမှုမှာလည်း နည်းပါးခဲ့ခြင်းကြောင့် အသားတင်အသုံးစရိတ်များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုစာရင်းကို နိုင်ငံတကာဘောလုံးသုတေသနအဖွဲ့(CIES) က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှ ၂၀၂၁ ဇန်နဝါရီအပြောင်းအ ရွှေ့ဈေးကွက်အထိ ဈေးကွက်(၁၀)ခုအတွင်း ပြုလုပ်ခဲ့သည့် အပြောင်းအရွှေ့လှုပ်ရှားမှုများကို တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

CIES မှ ထုတ်ပြန်ခဲ့သည့် အသားတင်အသုံးစရိတ်အများဆုံး ကလပ်အသင်း(၁၀)သင်းထဲတွင် ပရီးမီးယားလိဂ်မှ (၆)သင်းပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်းလည်း သိရသည်။

 

■ အသားတင်အသုံးစရိတ်အများဆုံး(၁၀)သင်း

မန်စီးတီး - ပေါင် ၅၅၄ သန်း

မန်ယူ - ပေါင် ၅၁၅ သန်း

ဘာစီလိုနာ - ပေါင် ၄၁၃ သန်း

PSG - ပေါင်သန်း ၄ဝဝ 

အင်တာမီလန် - ပေါင် ၃၃၈ သန်း

အဲဗာတန်    - ပေါင် ၃၀၃ သန်း

အက်စတွန်ဗီလာ - ပေါင် ၂၉၇ သန်း

အေစီမီလန် - ပေါင် ၂၇၂ သန်း

ချယ်လ်ဆီး - ပေါင် ၂၇၀ သန်း

အာဆင်နယ် - ပေါင် ၂၆၂ သန်း

Most Read

Most Recent