အန်ဖီးလ်ကျိန်စာကို ဂွါဒီယိုလာကျော်ဖြတ်မည်ဟု မန်စီးတီးကစားသမားဟောင်း ဘယ်ရီပြောကြား

အန်ဖီးလ်ကျိန်စာကို ဂွါဒီယိုလာကျော်ဖြတ်မည်ဟု မန်စီးတီးကစားသမားဟောင်း ဘယ်ရီပြောကြား
Photos : Getty Images
Photos : Getty Images
Published 7 February 2021

မန်စီးတီးအသင်း၏ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ဂါရတ်ဘယ်ရီက မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် အန်ဖီးလ်ကွင်းတွင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် (၁၈)နှစ်ကြာ နိုင်ပွဲမရခြင်းကို အဆုံးသတ်နိုင်လိမ့် မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ 

၂၀၀၃ ခုနှစ်၊ မေလအတွင်း အန်ဖီးလ်ကွင်းတွင်ကစားခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်၌ မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ယူပြီးနောက်ပိုင်း မန်စီးတီးအသင်းအနေဖြင့် ယင်း ကွင်းတွင် ပရီးမီးယားလိဂ်နိုင်ပွဲ မရှိတော့ချေ။ 

ဘယ်ရီက ဂွါဒီယိုလာမှာ ယင်းပွဲကို အနိုင်ယူရန် ယုံကြည်မှုအပြည့်ရှိသည့်ပုံပေါက်သည်ဟု ပြောကြားခဲ့သည်။