လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၆၈၀,၀၀၀ ခန့်တင်ပို့မှုမှ ဒေါ်လာသန်း ၂၅၀ ကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ နီးပါးကို တရုတ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်

လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၆၈၀,၀၀၀ ခန့်တင်ပို့မှုမှ ဒေါ်လာသန်း ၂၅၀ ကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ နီးပါးကို တရုတ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်
မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ-မူဆယ်)
မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ-မူဆယ်)
Published 26 January 2021
 ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၈၀,၀၀၀ ခန့်တင်ပို့မှုမှ ဒေါ်လာသန်း ၂၅၀ ကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ နီးပါးကို တရုတ်နိုင်ငံသို့ တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ သုံးလကျော်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၇၈၇၇၁ ဒသမ ၅၆၈ တန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂၅၆ ဒသမ ၅၃၄ သန်း ရရှိထားသည်။

ယင်းအနက် နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ဆန်တန်ချိန် ၄၂၂၈၅၀ ဒသမ ၀၁၈ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၆၉ ဒသမ ၇၂၃ သန်း ရရှိထားသည်။ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၅၉၂၁ ဒသမ ၅၅၀ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၈၆ ဒသမ ၈၁၁ သန်း ရရှိထားသည်။

အဆိုပါကာလအတွင်း တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၂၃၉၇၅ ဒသမ ၉၅ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၉၉ ဒသမ ၉၇၆ သန်းအထိ တင်ပို့ထားပြီး စုစုပေါင်း ပြည်ပတင်ပို့မှု၏ ၇၇ ဒသမ ၁၉ ရာခိုင်နှုန်းအထိ အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ဖိလစ်ပိုင်၊ ပိုလန်၊ မလေးရှား၊ ဗီယက်နမ် စသည့် နိုင်ငံငါးနိုင်ငံသို့ ဆန်အများဆုံးတင်ပို့ထားသည်။

ထို့အတူ တရုတ်၊ ဘယ်လ်ဂျီယံ၊ ထိုင်း၊ နယ်သာလန်၊ အင်ဒိုနီးရှား စသည့်နိုင်ငံ ငါးနိုင်ငံသို့ ဆန်ကွဲ အများဆုံးတင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစလုံးမှတင်ပို့လျက်ရှိသည်။

ဆန်နှင့်ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူ စျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်းနှင့် အခက်အခဲ ကြုံတွေ့ရသည့်နိုင်ငံအပေါ် သင့်တင့်သည့်စျေးနှုန်းနှင့် အရည်အသွေး ရှိသည့်ဆန်များ ရောင်းချပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

အချို့နိုင်ငံများမှ ဆန်ရောင်းချပေးရန် ပြောကြားမှုများရှိပကြောင်း ၊ထို့အပြင် ဆန်ပြည်ပသို့ တင်ပို့ရောင်းချရာတွင် သင့်လျော် သည့် စျေးကွက်စျေးနှုန်းဖြစ်စေရန် လိုအပ်ကြောင်း၊ အခက်အခဲတွေ့ကြုံရသည့် နိုင်ငံများအပေါ်တွင် သင့်တင့်သည့် စျေးနှုန်းနှင့် ကောင်းမွန်သည့် အရည်သွေးရှိသည့် ဆန်များ ရောင်းချစေလိုကြောင်း ၎င်းက ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များ အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent