အညာဒေသသို့ လာရာခရီးမှာ လွန်ခဲ့ သော နှစ်ပေါင်း ၄ဝဝကျော်ကာလ ၁၇ ရာစု အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အတိတ်၏ ကျန်ရစ်ခဲ့သော သမိုင်းခြေရာများကို ချိတ် ဆက်ရှာဖွေကြည့်ရန်အလို့ငှာ လာခဲ့ခြင်းဖြစ်သည်။ ထိုဒေသသည် ၁၇ ရာစုကာလက သန်လျင်မှ အင်းဝနေပြည်တော်သို့ စစ်သုံ့ ပန်းအဖြစ် လိုက်ပါလာခဲ့ရပြီးနောက် အထက် အညာဒေသတွင် မြန်မာဘုရင်တို့က နေရာချထားပေးခဲ့သည့် ဥရောပတိုက်မှ ပေါ်တူဂီနွယ်ဖွားများ တစ်နည်း ဘရင်ဂျီဟု ဒေသခံတို့က ခေါ်ဝေါ်သုံးစွဲနေကြသူများ၏နေထိုင်ရာ အရပ်ဒေသပင်ဖြစ်သည်။
အချိန်ကာလကား နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုသို့ ရာစုနှစ် လေးစု ကျော်လွန်ခဲ့ပြီဖြစ်သဖြင့် ပေါ်တူဂီမျိုး နွယ်မှ ဆင်းသက်လာကြသည့် လက်ရှိမျိုး နွယ်စုများမှာ မျက်နှာအမူအရာနှင့် မျက်လုံး အရောင် ပြာလဲ့နေသည်မှလွဲ၍ ပီဘိအညာ လူမျိုး မြန်မာလူမျိုးများ ဖြစ်နေကြပြီဖြစ် သည်။ အညာဒေသနှင့် အသားကျနေပြီဖြစ်သည့်အပြင် မြန်မာဘာသာစကားကိုသာ သူ တို့ ပြောဆိုတတ်ကြတော့သည်။ အချို့မှာဌာနေဒေသခံတို့နှင့် သွေးနှောခဲ့ကြပြီးဖြစ် သည်။ သို့သော် မျက်နှာသွင်ပြင်နှင့် မျက်ဝန်း ပုံစံများမှာမူ အနောက်ဥရောပသားများနှင့် ဆင်တူနေဆဲဖြစ်သည်။ နှစ်ကာလများကြာ ညောင်းခဲ့ပြီဖြစ်သဖြင့် ပေါ်တူဂီမျိုးနွယ်မှ ဆင်းသက်လာသည်ဟုသာ သူတို့သိထားကြပြီး အများစုမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်ကာလက အတိတ်သမိုင်းကြောင်းဖြစ် ရပ်တို့ကို သိရှိနားလည်ထားသူ ရှင်းပြနိုင်သူ ကား လွန်စွာနည်းပါးနေပြီကို တွေ့ရှိခဲ့ရ သည်။ အများစုမှာ အတိတ်သမိုင်းဖြစ်ရပ်တို့ ကို သိရှိခြင်းမရှိတော့ပေ။
ပေါ်တူဂီနွယ်ဖွား အညာသားများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။










