■ ရှက်ဖီးယူနိုက်တက် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နံနက် ဝဝး၃၀ နာရီ)


နှစ်သင်းစလုံးကတော့ စိတ်ပျက်စရာကစားပုံနဲ့အသင်းတွေပါ။ အမြဲတမ်းဂိုးပေါက်ပျောက်နေတတ်တဲ့ ရှက်ဖီးက FA ဖလားမှာတော့ ဂိုးတွေရခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်ပါသေးတယ်။ နယူးကာဆယ်ကလည်း ညံ့လို့ ဂိုးနည်းနည်းနဲ့ သရေကျသွားမယ်ထင်တယ်။

■ ဝုလ်ဗ် - အဲဗာတန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နံနက် ၂း၄၅ နာရီ)


နှစ်သင်းစလုံးက မာကျောပြီး အားကောင်းတဲ့အသင်းတွေပါ။ အဲဗာတန်ရဲ့လူအင်အားက ပိုအားကောင်းတယ်လို့ ပြောနိုင်ပေမဲ့ ဝုလ်ဗ်ရဲ့တိုက်စစ်ကစားပုံနဲ့ ဟန်ချက်ညီမှုကလည်း အ ထင်ကြီးစရာပါ။ နှစ်သင်းစလုံး တိုက်စစ်ပြဿနာတော့ ရှိနေကြပါတယ်။ သရေကျဖို့များတယ်။

■ ဘန်လေ - မန်ယူ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နံနက် ၂း၄၅ နာရီ)


ဆိုးလ်ရှားရဲ့မန်ယူက ဒီပွဲနိုင်ရင် လီဗာပူးလ်နဲ့ ပွဲတူ၊ (၃) မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်နိုင်ပြီ။ ဒီပွဲမတိုင်ခင် FA ဖလားပွဲမှာလည်း အဓိကကစားသမားတွေကို အနားပေးထားတဲ့အတွက် တောင့်တင်းတဲ့အသင်း၊ လန်းဆန်းတဲ့အသင်းနဲ့ ကစားနိုင်လိ်မ့်မယ်။ လက်ရှိခြေစွမ်းပိုင်းက ကွင်းမရွေးတဲ့အနေအထားဖြစ်နေပြီး၊ တိုက်စစ်ပိုင်းကလည်း သွင်းဂိုးတွေအတွက် ယုံကြည်မှုမြင့်မားနေတာကို မြင်ရတယ်။ ဘန်လေက ရာသီအစမှာ စိတ်ပျက်စရာကစားပုံကို ပြသခဲ့ပေမဲ့ အခုအချိန်မှာ ရလဒ်ပိုင်း ပြန်တည်ငြိမ်လာတာကိုတွေ့ရတယ်။ ပြောစရာရှိတာက ခံစစ်စွမ်းဆောင်ရည်တိုးတက်လာခြင်းကြောင့်သာ ရလဒ်တွေကောင်းလာတာဖြစ်ပြီး၊ တိုက်စစ်ပိုင်းက အားရစရာသိပ်မရှိဘူး။ မန်ယူခံစစ်ကလည်း ဝုလ်ဗ်၊ ဗီလာတို့နဲ့ပွဲတွေမှာ Clean Sheet တွေ ဆက်တိုက်ယူခဲ့တာကြောင့် ယုံကြည်မှုမြင့်တက်နေချိန်ဖြစ်နေတယ်။ ဘန်လေကွင်းမှာလည်း မန်ယူ ရလဒ်တွေ ဆက်တိုက်ကောင်းခဲ့တာတွေ့ရတယ်။ မန်ယူ နိုင်ပွဲယူပါလိမ့်မယ်။

- ဘန်လေအသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံး (၇)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
- မန်ယူအသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၁၁)ပွဲတွင် (၁၀)ပွဲအထိ အနိုင်ရရှိခဲ့ပြီး (၃)ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲမှာ လည်း (၈)ပွဲအထိရှိခဲ့သည်။
- ဘန်လေနှင့် မန်ယူတို့တွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၈)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
















