စပိန်နှင့် ရီးယဲလ်အသင်းဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်က အေစီမီလန်အသင်းမှ ထွက်ခွာရန် ဂိုးသမား ဒွန်နာရမ်မာကို တိုက်တွန်းခဲ့သည်။
လက်ရှိရာသီတွင် ဒွန်နာရမ်မာသည် အေစီမီလန်အသင်းအတွက် စီးရီးအေ (၁၆)ပွဲကစားပြီးချိန်အထိ ဂိုးမပေးရသည့်ပွဲ (၆)ပွဲအထိရရှိအောင်စွမ်းဆောင်ပေးထားပြီး ချန်ပီယံဆုမျှော်လင့်ခွင့်ရှိနေသည်။
သို့သော် ကာဆီးလက်စ်က ဒွန်နာရမ်မာအနေဖြင့် အေစီမီလန်အသင်းထက် အောင်မြင်မှုဆုဖလားများ ပို၍မျှော်လင့်နိုင်မည့်အသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့သင့်ကြောင်း အကြံပေးခဲ့သည်။
ကာဆီးလက်စ်က '' အေစီမီလန်အသင်းက ဒီရာသီမှာ ပုံစံကောင်းပြနေမယ်လို့ မထင်ခဲ့တာတော့ ကျွန်တော် မှားတာပဲ'' ဟုလည်း ဝန်ခံခဲ့သည်။
ဒွန်နာရမ်မာသည် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်နေသည်။















