တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် ၂၃ မြို့နယ်တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်း လေးသိန်းကျော် တွေ့ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဒသမအကြိမ်အဖြစ် ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒသမအကြိမ်ထုတ်ပြန်သည့် မြို့နယ် ၂၃ မြို့နယ်စာရင်းတွင် နမ့်စန်၊ ဖယ်ခုံ၊ သန်လျင်၊ ကမာရွတ်၊ ညောင်လေးပင်၊ ပန်းတောင်း၊ ပေါင်းတည်၊ ပင်လည်ဘူး၊ ကလေး၊ တီးတိန်၊ ဖောင်းပြင်၊ မာန်အောင်၊ မိုင်းယောင်း၊ မက်မန်း၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ ကျုံပျော်၊ ဝိုင်းမော်၊ သရက်၊ ငဖဲ၊ ဝမ်းတွင်း၊ မြင်းခြံမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
နန့်စန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၄၅၀၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၈၄၆၀၊ စုစုပေါင်း ၂၂၉၁၀ မဲ၊ ဖယ်ခုံမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၆၈၅၀၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၆၃၇၊ စုစုပေါင်း ၁၀၄၈၇ မဲ၊ သန်လျင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၂၀၇၄၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၂၃၈၄ ၊ စုစုပေါင်း ၄၄၄၅၈ မဲ၊ ကမာရွတ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၃၅၃၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၅၅၂၊ စုစုပေါင်း ၃၉၀၅ မဲ၊ ညောင်လေးပင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၆၅၆၄၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၅၆၁၉၊ စုစုပေါင်း ၃၂၁၈၃ မဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပန်းတောင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၈၅၇၄၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၁၁၆၉၊ စုစုပေါင်း ၁၉၇၄၃ မဲ၊ ပေါင်းတည်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၅၅၄၈၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၃၈၇၃ ၊ စုစုပေါင်း ၁၉၄၂၁ မဲ၊ ပင်လည်ဘူးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၁၆၇၀၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၅၄၇၂၊ စုစုပေါင်း ၁၇၁၄၂ မဲ၊ ကလေးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၇၀၇၀၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၃၉၉၀ ၊ စုစုပေါင်း ၄၁၀၆၀ မဲ၊ တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၈၄၉ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၅၈၂ မဲ၊ စုစုပေါင်း ၈၄၃၁ မဲ၊ ဖောင်းပြင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၈၉၆၂ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၃၈၆၆ မဲ၊ စုစုပေါင်း ၂၂၈၂၈ မဲတို့ဖြစ်ကြောင်း သိရသည်။
အလားတူ မာန်အောင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၇၆၈၉ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၆၂၅မဲ၊ စုစုပေါင်း ၁၀၃၁၄ မဲ၊ မိုင်းယောင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၆၄ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၄၅ မဲ၊ စုစုပေါင်း ၃၀၉ မဲ၊ မက်မန်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၆၆၄ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၂၀၉ မဲ၊ စုစုပေါင်း ၃၈၇၃ မဲ၊ မိုင်းဖြတ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၇၈၀ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၅၄၇ မဲ၊ စုစုပေါင်း ၃၃၂၇ မဲ တို့ဖြစ်ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၈၇၅ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၁၉၃၀ မဲ၊ စုစုပေါင်း ၁၄၈၀၅ မဲ၊ မိုင်းယမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၅၈ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၁၆ မဲ၊ စုစုပေါင်း ၂၇၄ မဲ၊ ကျုံပျော်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၃၅၁၂ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၉၀၉၀ မဲ၊ စုစုပေါင်း ၄၂၆၀၂ မဲ၊ ဝိုင်းမော်မြို့နယ် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၈၀၂၆ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၄၄၅ မဲ၊ စုစုပေါင်း ၁၅၄၇၁ မဲ၊ သရက်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၈၇၆၅ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၃၄၃ မဲ၊ စုစုပေါင်း ၁၀၁၀၈ မဲ၊ ငဖဲမြို့နယ် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၁၇၂မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၄၇၄ မဲ၊ စုစုပေါင်း ၃၆၄၆ မဲ၊ ဝမ်းတွင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၄၁၂၃ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၀၅၈၈ မဲ၊ စုစုပေါင်း ၂၄၇၁၁ မဲ၊ မြင်းခြံမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၉၅၃၀ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၅၈၉၀ မဲ၊ စုစုပေါင်း ၃၅၄၂၀ မဲ တို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ မြို့နယ် ၂၃ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း ၄၀၇၄၂၄ မဲ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်၏ထုတ်ပြန်ချက်တွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော်မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား ကိုးကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များသည် သာမာန်အားဖြင့် မသိနိုင်သည့် ထပ်နေသောမဲစာရင်းများနှင့် အထောက်အထားဖြင့်တိုက်ဆိုင်စိစစ်ရန်လိုအပ်သော မဲစာရင်းများဖြစ်ကြောင်း ရရှိသည့် မဲစာရင်းများကိုအခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။