Photo News: မန္တလေးခရိုင်အတွင်း သုံးရက်ဆက်တိုက် နှစ်ဦး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

Photo News: မန္တလေးခရိုင်အတွင်း သုံးရက်ဆက်တိုက် နှစ်ဦး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
ဓာတ်ပုံ- ဌေးလှအောင်
ဓာတ်ပုံ- ဌေးလှအောင်
Published 3 January 2021

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပပြုလုပ်သည့် နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို ၂၀၂၁ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သံဃာတော်များမှ မန္တလေးခရိုင်အတွင်း ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထိုသို့ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရခြင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် COVID-19 ရောဂါကပ်ဘေးအန္တရာယ် ကျရောက်ခြင်းမှကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများပေါကြွယ်ဝစေခြင်း စသည့် အကျိုးတရားများကို ရည်ရွယ်၍ ရွတ်ဖတ်ပူဇော်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မန္တလေးခရိုင်အတွင်း နှစ်ဦးပရိတ်တရားတော်များကို သံဃာတော်များက သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ရာ မန္တလေးစျေးချို နာရီစင်၊ မန္တလေးတောင်၊ ကျုံးဘေး မင်္ဂလာတံတားအနီး၊ မဟုမုနိဘုရားကြီးဝန်းကျင်၊ ပြင်ဦးလွင်မြို့အတက် ဘိုးဘိုးကြီးနတ်နန်းအနီး၊ အမရပူရမြို့နယ် သံလမ်းဆုံ၊ ဦးပေစိဘုရားအနီး၊ ပုသိမ်ကြီးမြို့ နာရီစင်အနီး၊ ရန်းကင်းတောင်၊ အင်းခရုဘုရား အစရှိသည့်နေရာများတွင် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

Most Read

Most Recent