၂၀၂၀ ခုနှစ်၏ အကောင်းဆုံးဘောလုံးသမားအဖြစ် လီဝန်ဒေါစကီးကို Marca ရွေးချယ်

၂၀၂၀ ခုနှစ်၏ အကောင်းဆုံးဘောလုံးသမားအဖြစ် လီဝန်ဒေါစကီးကို Marca ရွေးချယ်
Photo: Getty Images
Photo: Getty Images
Published 1 January 2021

စပိန်အားကစားသတင်းစာ Marca  က ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမား(၁ဝဝ) စာရင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက နံပါတ်(၁)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက အဆင့်(၅)၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အဆင့် (၁၀)သာ သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

    

လီဝန်ဒေါစကီးသည် ၂၀၂၀ ခု နှစ်အတွင်း အကောင်းဆုံးတိုက်စစ် စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းကြောင့် ဖီဖာမှချီးမြှင့်သော The Best ဆုကို ရယူနိုင်ခဲ့သူလည်းဖြစ်သည်။ 

Marca  က လီဝန်ဒေါစကီးသည် ၂၀၂၀ ခုနှစ်အတွင်း ပြိုင်ဘက်ကင်းကစားသမား ဖြစ်ခဲ့ကြောင်းလည်း သုံးသပ်ခဲ့သည်။ 

လီဝန်ဒေါစကီး၏နောက်၌ ဘိုင်ယန် မြူးနစ်အသင်းဖော် ကင်မစ်ချ်က ရပ်တည်ခဲ့ပြီး တတိယနေရာတွင် PSG တိုက်စစ်မှူး ဘာပေ ရွေးချယ်ခံခဲ့ရသည်။ 

Marca  ၏ရွေးချယ်မှု၌ ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် ပရီးမီးယားလိဂ်ကစားသမားတစ်ဦးမျှ ပါဝင်ခြင်းမရှိခဲ့ဘဲ လီဗာပူးလ် နောက်ခံလူ အာနိုးလ်က အဆင့် (၁၂)၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက အဆင့်(၁၃) ရရှိခဲ့သည်။

■ Marca က ရွေးချယ်သည့် ၂၀၂၀ အကောင်းဆုံးကစားသမား (၁၀)ဦး

၁- လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)

၂- ကင်မစ်ချ် (ဘိုင်ယန်မြူးနစ်)

၃- ဘာပေ (PSG)

၄- ရာမို့စ် (ရီးယဲလ်)

၅- စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)

၆- နေမာ (PSG)

၇- ဘန်ဇီမာ (ရီးယဲလ်)

၈- နူအာ (ဘိုင်ယန်မြူးနစ်)

၉- ဟော်လန်း (ဒေါ့မွန်)

၁၀- မက်ဆီ (ဘာစီလိုနာ)

Most Read

Most Recent