နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ဆက်ရှိခြင်း၊ မရှိခြင်းကို နိုင်ငံ့အကြီးအကဲပိုင်းက ဆုံးဖြတ်မည်ဖြစ်ပြီး အတိုင်ပင်ပုဂ္ဂိုလ်ရှိနေခြင်းသည် တိုင်းပြည်အတွက်အခက်အခဲမရှိဘဲ အောင်မြင်ခြင်းများသာ ရှိကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ဆက်ရှိခြင်း၊ မရှိခြင်းကို နိုင်ငံ့အကြီးအကဲပိုင်းက ဆုံးဖြတ်မည်ဖြစ်ပြီး အတိုင်ပင်ပုဂ္ဂိုလ်ရှိနေခြင်းသည် တိုင်းပြည်အတွက်အခက်အခဲမရှိဘဲ အောင်မြင်ခြင်းများသာ ရှိကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ) တွင်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ) တွင်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 29 December 2020
အောင်မင်းသိန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ဆက်ရှိခြင်း၊ မရှိခြင်းကို နိုင်ငံ့အကြီးအကဲပိုင်းက ဆုံးဖြတ်မည်ဖြစ်ပြီး အတိုင်ပင်ပုဂ္ဂိုလ်ရှိနေခြင်းသည် တိုင်းပြည်အတွက် အခက်အခဲမရှိဘဲ အောင်မြင်ခြင်းများသာ ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ) တွင် ကျင်းပသည့် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရသစ်လက်ထက်တွင် အတိုင်ပင်ခံဆိုင်ရာ ဥပဒေ ဆက်ရှိနိုင်သေးလားဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ဒါကလည်း ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြောပါမယ်။ ခုနကပြောခဲ့တဲ့ဟာ ငါးနှစ်အတွေ့အကြုံနဲ့ သူတို့ရှိပြီးသားပါ။ သမ္မတကြီးရော ဒါကို ရှိပြီးသားဆိုတော့ Is this Need or Not ဆိုတာကတော့ သူတို့ပဲ ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရှိနေလို့လည်း ကျွန်တော်တို့တွေ ဘာအခက်အခဲရှိလဲ။ ဘာပြဿနာလို့လဲ။ ကျွန်တော်မြင်တာကတော့ အောင်မြင်တာတွေပဲ ရှိတာပဲ။ ဥပမာ ICJ လိုကိစ္စမျိုးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် သွားဖြေရှင်းလိုက်တာ We Stand Together With Daw Aung San Suu Kyi ဆိုတာ ပေါ်လာတာပဲဗျာ။ ဒါတွေက လုပ်ယူတာမဟုတ်ဘူးလေ။ အခြေအနေက ဖန်တီးပြီး ဖြစ်လာတာကို။ အဲဒီတော့ ဒါက အတိုင်ပင်ခံပုဂ္ဂိုလ်ရှိလို့ တိုင်းပြည်အတွက် ဘာအနှောက်အယှက် ဖြစ်သလဲ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၆ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် လွှတ်တော်က စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် စျေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရန်လည်းကောင်း၊ ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော်က ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၏ နိဒါန်းတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၏ အခန်း (၂) ရည်ရွယ်ချက်များတွင် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ စျေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟု ဖော်ပြပါရှိပြီး အခန်း (၃) တာဝန်ပေးအပ်ခြင်းတွင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက်ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်ဟု ပြဋ္ဌာန်းထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည်။

Most Read

Most Recent