မြန်မာ-ကိုရီးယား ကုန်သွယ်မှုသည် ၁၇ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သော်လည်း လယ်ယာကဏ္ဍ၊ နည်းပညာ၊ ကုန်ထုတ်ကဏ္ဍတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ-ကိုရီးယား ကုန်သွယ်မှုသည် ၁၇ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သော်လည်း လယ်ယာကဏ္ဍ၊ နည်းပညာ၊ ကုန်ထုတ်ကဏ္ဍတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Korea Desk ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
Korea Desk ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 25 December 2020
နီလာ

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၁၇ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သော်လည်း လယ်ယာကဏ္ဍ၊ နည်းပညာ၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်ကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် Korea Desk ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၁၇ ဒသမ ၃ ရာခိုင်နှုန်းအ ထိ တိုးတက်ခဲ့သော်လည်း လယ်ယာကဏ္ဍ၊ နည်းပညာ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်ကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ကြောင်း၊ သို့ရာတွင် ကုန်စည်ကုန်သွယ်ရေးသာမက ဝန်ဆောင်မှုကုန်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ဒေါ်လာတစ်ဘီလျံကျော် အထိ မြင့်တက်ခဲ့ သည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံက ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၄၈၀ ကျော်ရှိပြီး ကိုးရီးယားနိုင်ငံဘက်မှ သွင်းကုန် ဒေါ် လာသန်း ၅၃၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ သန်း ၉၈၀ ခန့်သာရှိသည်။

၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၄၂၀ ကျော်သာရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၈၀၀ ခန့်သာရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၈၆၀ ကျော်သာရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံ ၂၃၀ ကျော်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယင်းအနက် ပို့ကုန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ စပိန်၊ ဗြိတိန်နှင့် နယ်သာလန် စသည့် ၁၀ နိုင်ငံဖြစ်သည်။

သွင်းကုန်တင်သွင်းမှု အများဆုံးနိုင်ငံများမှာ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ အမေရိကန် စသည့် ၁၀ နိုင်ငံဖြစ် သည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက် အထိ သုံးလခန့်တွင် မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာခြောက်ဘီလျံ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန် သွယ်မှုဒေါ်လာ နှစ်ဘီလျံကျော်လျော့ကျခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအနက် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်ရှိပြီး သွင်းကုန်တင်သွင်း မှု ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP၊ အခြားပို့ကုန်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းတို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

 

Most Read

Most Recent